
မြင်းခြံမြို့အေးမြသီတာဈေး၌ စားသောက်ကုန်အမျိုးမျိုး ရောင်းချလျက်ရှိသည့်အနက်၊ ရပ်ကွက်နှင့် ကျေးရွာများတွင် မိသားစုစားဝတ်နေရေးအတွက် ကြိတ်ခေါက်ဆွဲလုပ်ငန်းများကို စီးပွားဖြစ်တစ်နိုင်တစ်ပိုင်လုပ်ကိုင်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံး ပတ်တွင် ကြိတ်ခေါက်ဆွဲ ၂၅ ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ ၅၀ ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချလျက်ရှိကြောင်း၊ စားသုံးမှုများပြား၍ နေ့စဉ်ကုန်ချိန် (၂၀-၃၀) ပိဿာခန့်ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဝယ်ယူကြကြောင်း၊ ဆီချက်ခေါက်ဆွဲ၊အုန်းနို့ခေါက်ဆွဲနှင့် နို့စိမ်း ခေါက်ဆွဲရောင်းချသူများ၊ အလှူပွဲ၊ မွေးနေ့ပွဲနှင့် ဘုရားပွဲများတွင် အသုံးပြုရန်အတွက် ဝယ်ယူကြကြောင်း၊ထုတ်လုပ်ရာတွင် ခေါက်ဆွဲသားများနူးညံ့စေရန် အကောင်းဆုံးဂျုံမှုံ့ကိုအသုံးပြုထားပြီးတာရှည်ခံဓါတုဆေးများ မပါဝင်သောကြောင့် ကလေးနှင့် လူကြီးများအတွက် စားသုံးရာတွင် အထူးသင့်လျော်ကြောင်း ကြိတ်ခေါက်ဆွဲထုတ်လုပ်ရောင်းချသူထံမှသိရှိရသည်။
DOCA (မန္တလေး)
