ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ ပန်းသစ်တော်သီးနှင့် ပန်းသီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသစ်တော်သီးများ ရောင်းချလျက်ရှိပြီး ပန်းသစ်တော်သီးများကို မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့တို့ရှိသစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက် ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့ သစ်သီးဈေးကွက်တွင် ပန်းသစ်တော်သီး အကြီးတစ်လုံးလျှင် (၅၀၀၀)ကျပ်၊ (၃)လုံးလျှင် (၁၀၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းသီး(၃)လုံးလျှင် (၅၀၀၀)ကျပ်၊ (၅)လုံးလျှင် (၁၀၀၀၀)ကျပ်နှင့် ယိုးဒယားပန်းသီး(၁)လုံးလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအချိန်တွင် ပန်းသီးနှင့် ပန်းသစ်တော်သီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)