ညောင်ဦးမြို့နယ်၏ နိုဝင်ဘာလ ပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

                 စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၇-၁၁-၂၀၂၅ ရက်နေ့တွင်ထုတ်ပြန်ထားသည့် မန္တလေးတိုင်းဒေသကြီးအတွင်း စက်သုံးဆီတစ်လီတာ၏ သတ်မှတ် ရည်ညွှန်းဈေးများမှာ 92 Octance(၂၇၂၀)ကျပ်၊ 95 Octance(၂၈၀၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၁၆၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

              ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများ အနေဖြင့် 92 Octance(၂၇၅၅)ကျပ်၊ 95 Octance(၂၈၈၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၆၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၁၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် ရိုးရိုးဒီဇယ်တွင်(၅၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တွင်(၆၀)ကျပ်တို့ အသီးသီး ဈေးနှုန်း မြင့်တက်ခဲ့ပြီး 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင် (၁၁၅)ကျပ်တို့ အသီးသီး ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)