မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

         မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၆.၁၀.၂၀၂၂ ရက်နေ့တွင် မုဒုံမြို့နယ်၊ အ.လ.က (သင်္ဘောဦး) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးခြင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် အ.လ.က (သင်္ဘောဦး) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်မင်းဆန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ် တာဝန်ခံ ဦးစိုးဝင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို အဓိကထားဖတ်ရှု့သင့်ကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူရာတွင် သတင်းအချက်အလက်များကို သေချာစွာစုံစမ်းရန်၊ ကုန်စည်/ဝန်ဆောင်မှု များကိုဝယ်ယူသုံးစွဲခြင်းကြောင့် စားသုံးသူထိခိုက်နစ်နာမှုပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် အကြောင်းအရာများ၊ Consumer Call Center သို့ဖုန်းခေါ်ဆို၍လည်း တိုင်ကြားနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

       အဆိုပါဟောပြောဆွေးနွေးပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၅၂) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)