စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံသည် ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် မြို့နယ်တာဝန်ခံရုံး၌ ဆန်စက်၊ တည်းခိုခန်းလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံကစားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊မတ်လ(၁၅)ရက်နေတွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့်ပြဌာန်းခဲ့ကြောင်း ၊ဥပဒေတွင်ပါရှိသော အခန်း(၉)စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့် အာမခံချက်များ ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် အခန်း(၁၈)ပါ မြန်မာဘာသာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များ စားသုံးသူပြည်သူတို့ ဝယ်ယူသုံးစွဲနေသော ကုန်စည်နှင့်ဝန်ဆောင်မှုတို့တွင်နစ်နာဆုံးရုံးမှုရှိလာပါက ရေးဆိုတိုင်ကြားနိုင်သည့် CICC စင်တာများဖွင့်ထားကြောင်း COVID-၁၉ ချေးငွေကိစ္စနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)