ဒေးဒရဲမြို့နယ် လေးကုန်းကျေးရွာ အ.မ.ကကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ‌ဟောပြောဆောင်ရွက်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တာဝန်ခံသည် မြို့နယ်ပညာရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၂ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီမှ (၁၂:၀၀)နာရီ အထိ လေးကုန်းကျေးရွာအ.မ.ကကျောင်းရှိဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

      ဟောပြောပွဲတွင် ‌ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က တားမြစ်ကုန်စည်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူ နစ်နာမှုရှိပါက တိုင်ကြားနိုင်မှုအခြေအနေများ၊ ရွေးချယ်စားသုံးသင့်သည့် အစားအစာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ဧရာဝတီ)