ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် မီးသတ်တပ်ဖွဲ့ဝင်များကို (၂၄.၁၀.၂၀၂၂)ရက်နေ့ (၁၄:၀၀)နာရီမှ (၁၅:၀၀)နာရီအချိန်ထိ အမှတ်(၃)ရပ်ကွက်(၆) လမ်းမီးသတ်ဦးစီးမှူးရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးတင်စိန်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊တားမြစ်ချက်များ၊ ကုန်စည်(သို့ )ဝန်ဆောင်မှု၊ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံပေးမှု၊ ကုန်စည်များ တွင်ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများကိုသာ ဝယ်ယူအသုံးပြုကြရန်နှင့် သက်တမ်းလွန်ကုန်ပစ္စည်းများ ဝယ်ယူအသုံးမပြုကြရန် အသိပညာပေးဟောပြောခဲ့ပြီး ထိုအခမ်းအနားသို့ မီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)