မအူပင်မြို့နယ် တာကောက်မူလွန်ကျောင်း တွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာအကြောင်း ဟောပြော

Powered by Drupal

          ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ မအူပင်မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦး နှင့် ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၂)နေ့ နံနက် (၁၃:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေးဝါးဦးစီးဌာနတို့နှင့်အတူ မအူပင်မြို့ တာကောက်မူလွန်ကျောင်းတွင် ဌာနဆိုင်ရာ များ စုပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

          အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးအောင်ဇော်ဦးမှ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ စားသုံးသူကာကွယ်ရေးအကြောင်း၊ စားသုံးသူ၏အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေး၊ လိုက်နာရမည့်တာဝန်များအကြောင်း၊ ဈေးကွက်အတွင်းစားသုံးရန် မသင့်သော အစားအသောက်များကို သိရှိစေရန် နမူနာပေး ရှင်းလင်းပြောကြားပြီး၊ ဈေးကွက်အတွင်းရှိ ကုန်စည်များကို ရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်း အမှတ်အသား ပြည်စုံစွာပါဝင်သော ကုန်စည်နှင့် ဌာနတို့၏ ထောက်ခံချက်၊ ခွင့်ပြုချက်များပါဝင်သော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူတက်စေရန် ပညာပေးပြောကြားခဲ့ပြီး မိမိတို့ဝယ်ယူသော ကုန်စည်အကြောင်း စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုက်ကြားနိုင်သည့် နည်းလမ်း အဆင့်ဆင့်အကြောင်းကို ဟောပြောခဲ့ပြီး ဆရာ/ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၂၃)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)