နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၈/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

Powered by Drupal

     နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၈/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုစားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံး၌(၂၅-၁၀-၂၀၂၂)ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

    အစည်းအဝေးတွင် နေပြည်တော်ဦးစီးမှူး၊ ဒေါက်တာဇော်လွင်က အဖွင့်အမှာစကားပြောကြား ရာတွင် နေပြည်တော်ဆီအသင်း ဖွဲ့စည်းမှုမှာ တစ်နှစ်ပြည့်ခဲ့ပြီးဖြစ်သောကြောင့် ယခုလိုစည်းလုံး ညီညွတ်စွာ ဆောင်ရွက်နိုင်သည့်အတွက် အလွန်ပင်ဝမ်းသာကြောင်း၊ ရုံးချုပ်နှင့် နေပြည်တော် ကောင်စီ၏လမ်းညွှန်ချက်များအရ သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချမှုများတွင် အမှန် တကယ်လိုအပ်သောနေရာများ၊ ဆင်းရဲနွမ်းပါးသောကျေးရွာများအထိ ဈေးကားဖြင့် သွားရောက်ရောင်းချပေးရန်လမ်းညွှန်ထားကြောင်း၊ နေပြည်တော်ဆီအသင်း ရေရှည်တည်တံ့စေရန်အတွက် အသင်းသားအားလုံး စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်လိုကြောင်း ပြောကြားခဲ့ပါတယ်။

      ဆက်လက်၍ နေပြည်တော်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဦးပြည့်ဖြိုး အောင်က ယခုလိုအစည်းအဝေးကျင်းပခွင့်ပြုသည့် စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော်ဦးစီး မှူးနှင့်တကွ ဝန်ထမ်းအားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း၊ ယနေ့သည် ဆီအသင်း၏ (၁)နှစ်ပြည့်မြောက်ပြီး (၁၂)ရက်နေ့ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ထို့နောက် တက်ရောက်လာကြသော အသင်းသားများက အသင်းနှင့်ပတ်သက်သည့် ကိစ္စများကို ဆွေးနွေးခဲ့ကြပါတယ်။

    နေပြည်တော်ဦးစီးမှူးက တရားဝင်အသင်း တစ်သင်း ဖြစ်သွားပြီဖြစ်သောကြောင့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားရန်လိုကြောင်း၊ အသင်း၏စည်းမျဉ်းစည်းကမ်းများာကိုလည်း အသင်းသားများအားလုံး တိကျစွာ လိုက်နာသွားကြရန်လိုကြောင်း နိဂုံးချုပ် ပြောကြားပြီး အစည်းအဝေးကို နေ့လယ်  (၁၅း၂၅)အချိန်၌ ပြီးမြောက်ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)