တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊မြိတ်ခရိုင်ဦးစီးမှူးသည် မြိတ်ခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၇.၁၀.၂၀၂၂)နေ့၊ နံနက်(၉း၃၀)နာရီ အချိန်တွင် မြိတ်မြို့၊တလိုင်းစုရပ်၊ အခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ကျောင်းသားများအား ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူစားသောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့်ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူဥပဒေပါကုန်အညွှန်းအမှတ်အသားများ၊ အစားအသောက် ခွင့်ပြုချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်နိုင်ပြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ စားသောက်ကုန်များ ရွေးချယ်ဝယ်ယူရာတွင် ထောက်ခံချက်ရရှိထား ခွင့်ပြုချက်အား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်နိုင်ပြီး၊ မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူးမှ စားသောက်ကုန်များရွေးချယ်ဝယ်ယူရာတွင် ထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်ရန်၊ဟင်းသီးဟင်းရွက် အသီးအနှံမျာကိုရေဖြင့် သေချာစွာဆေးကြောပြီးမှစားရန်ဟောပြောပို့ချခဲ့ပြီး ကျောင်းပတ်ဝန်းကျင််ရှိ မုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသောက်ရန်မသင့်သော စားသောက်ကုန်များ စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များသာ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များသာ ရောင်းချရန်ပြောကြား၍ အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)