သီရီမဂႅလာဈေးအတွင်းရှိ အသား၊ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချမှုစနစ်ရှိ/မရှိကွင်းဆင်းစစ်ဆေး

Powered by Drupal

     ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင်  လွိုင်ကော်မြို့၊ သီရိမဂႅလာဈေးအတွင်းရှိ အသား/ငါး/ကြက်ဥ/ဘဲဥရောင်းချနေသောဆိုင်များသို့ လတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသောရောင်းချခြင်းစနစ်ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသား/ငါးများမှာ အခြားဒေသမှ အများဆုံး မှာယူတင်သွင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ယင်လုံဇာများဖြင့်ဖုံးအုပ် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ရောင်းချသော ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ စစ်ဆေးနေစဉ်အတွင်း သန့်ရှင်းလတ်ဆတ်မှုမရှိသော အသား/ငါး အနည်းငယ်ကို တွေ့ရှိရပါသဖြင့် သိမ်းဆည်းကာ မီးရှို့ဖျက်ဆီးခဲ့ပါကြောင်းနှင့် နောင်တွင် သန့်ရှင်းလတ်ဆက်မှုမရှိသော အသား၊ငါး၊ဥများနှင့် ကူးစက်ရောဂါရနေသော အသား/ငါးများအား ရောင်းချခြင်းမပြုရန် အသား/ငါး/ကြက်ဥ/ဘဲဥများ ရောင်းချနေသော ဆိုင်(၄၄) ဆိုင်အား အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)