ချောက်မြို့ပေါ်ရှိ မုန့်မျိုးစုံလုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပေးရေး အသိပညာပေးဆွေးနွေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်ရှိ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)တို့သည် (၂၅.၁၀.၂၀၂၂) ရက်နေ့၊နံနက် (၁၁:၀၀)နာရီ အချိန်တွင် ချောက်မြို့၊အမှတ်(၁၃) အာရှရပ်ကွက်၌ ကျော်ကြားမုန့်မျိုးစုံလုပ်ငန်းရှင် ဦးတိုးသူရနှင့် သွားရောက်တွေ့ဆုံပြီး ထုတ်လုပ်မှု အခြေအနေ၊ စျေးနှုန်းစျေးကွက်များအား လေ့လာမေးမြန်းခဲ့ပြီး ကုန်အမှတ်တံဆိပ်တွင် ဌာနမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြပေး‌ရေး အသိပညာ ပေးဆွေးနွေးခဲ့ပါသည်။

      “ကျော်ကြား” မုန့်မျိုးစုံလုပ်ငန်းအတွက် လိုအပ်သော ကုန်ကြမ်း ဂျုံ၊ သကြားတို့ကို မန္တလေးမြို့မှ ဝယ်ယူပြီး ထုတ်လုပ်သော ပေါင်မုန့်၊ ကိတ်မုန့်များကို ‌ချောက်မြို့အနီးဝန်းကျင်ရှိ ဆိပ်ဖြူ၊ တညောင်၊ ဆင်ဖြူကျွန်း၊စလင်းနှင့် ပုဂံ၊ ညောင်ဦးမြို့များသို့ တင်ပို့‌‌ရောင်းချကြောင်းနှင့် လုပ်သားဦးရေ အမျိုးသား (၃)ဦး၊ အမျိုးသမီး(၁၃)ဦးရှိပြီး အမျိုးသားတစ်ဦးလျှင် တစ်ရက်ကျပ်(၇၀၀၀)နှင့် အမျိုးသမီးတစ်ဦးလျှင် တစ်ရက် ကျပ်(၅၀၀၀) နှုန်း ပေးရကြောင်း သိရပါသည်။

       ချောက်မြို့နယ်တာဝန်ခံ ‌ဒေါ်မြတ်မြတ်မိုးမှ လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းပေးရေးနှင့် စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်/တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)