
လားရှိုးမြို့ရှိ မြို့မဈေးနှင့် ရပ်ကွက်တွင်းရှိဈေးများတွင် ပန်းမျိုးစုံရောင်းချလျက်ရှိရာ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (ဒုတိယအပတ်)တွင် ဖြစ်ပေါ်နေသည့်ပန်းတစ်စီး လက်လီပေါက်စျေးနှုန်းများမှာ ဂန္ဓာမာပန်းတစ်စီးလျှင် (၆၀၀၀) ကျပ် ၊ မေမြို့ပန်းရောင်စုံတစ်စည်းလျှင် (၅၀၀၀) ကျပ်၊ သစ္စာပန်း (၅၅၀၀) ကျပ်၊ ပန်းထိမ်ငိုပန်းတစ်စည်းလျှင်(၆၀၀၀) ကျပ်၊ လီလီပန်းတစ်ခက်လျှင်(၈၀၀၀) ကျပ်၊ သပြေပန်း (၁၀၀၀) ကျပ်၊ နှင်းဆီပန်းတစ်စည်းလျှင် (၃၀၀၀) ကျပ်မှ (၅၀၀၀) ကျပ်၊ ဇော်စိမ်း တစ်စည်းလျှင် (၂၀၀၀) ကျပ်၊ စျေးဖြင့် ရောင်းချလျက်ရှိကြောင်း ဒေသခံပန်းရောင်းချသူများ ထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
