
လိမ္မော်သီးသည် ဆောင်းရာသီတွင် ပေါ်ပေါက်သော ရာသီစာသီးနှံဖြစ်သည်။ လိမ္မော်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ ကျောက်တန်းရွာတွင်လည်းကောင်း၊ ရပ်စောက်နှင့် ပင်းတယကြားရှိ ပလောင်တောင်ရွာတွင်လည်းကောင်း၊ ကျောက်တလုံးမြို့နယ်ရှိ ထီခေါင်ကျေးရွာ တွင်အများအပြားစိုက်ပျိုးကြသည်။
လိမ္မော်သီးကို မိုးအကုန်ဆောင်းအကူး အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ထွက်ပေါ်ပါသည်။ ရှမ်းတောင်မှ ထွက်ရှိသောလိမ္မော်သီးများကို ဒေသတွင်းအပြင်အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း တင်ပို့ရောင်းချကြပါသည်။လက်ရှိအချိန်တွင် လိမ္မော်သီး တစ်ပိဿာလျှင်(၆၀၀၀)ကျပ်မှ (၈၀၀၀)ကျပ်အထိ အရောင်းအဝယ်ပြုကြပါသည်။ ယခင်နှစ်နှင့် နှိုင်းယှည်ပါက ဈေးနှုန်းပိုမိုရရှိသော သီးနှံဖြစ်ကြောင်း လိမ္မော်သီးကုန်သည်ဦးဝင်းမောင်ထံမှ သတင်း ရရှိပါသည်။
DOCA(ရှမ်း)
