ဖြူးမြို့နယ်အတွင်းရှိ ပန်းဇီးသီးဈေးကွက်

Powered by Drupal

         ပန်းဇီးသီးသည် ခြောက်သွေ့သောရာသီဥတုကို နှစ်သက်သောကြောင့် မိတ္ထီလာ၊ စဉ့်ကိုင်၊ ဝမ်းတွင်းစသော မြန်မာနိုင်ငံရှိအညာဒေသများတွင်စိုက်ပျိုးကြပြီး အချို့ဒေသများတွင် တရုတ်ဇီးသီး ဟုလည်းခေါ်ဆိုကြပါသည်။ ပန်းဇီးသီးသည် ပုံမှန်ဇီးသီးများထက် အရွယ်အစားအနည်းငယ်ကြီးပြီး တောက်ပြောင်သော အစိမ်းရောင်ရှိပါသည်။ အညာဒေသထွက်ပန်းဇီးသီးများသည် အသားထူပြီး အရသာကောင်းမွန်ကာ အာဟာရဓာတ်များစွာပါဝင်ခြင်း၊ ဗီတာမင် C ပါဝင်မှုများခြင်း၊ အမျှင်ဓာတ်များစွာ ကြွယ်ဝခြင်းကြောင့် အာရုံကြောစနစ်ကို အထောက်အကူပြု စေ၍ ဦးနှောက် မှတ်ဉာဏ်အားကောင်းစေခြင်း၊ ကိုယ်ခံစွမ်းအားမြင့်တက်စေခြင်း၊ အစာအိမ်အူလမ်းကြောင်းနှင့် အစာခြေစနစ်အတွက်ကောင်းမွန်စေနိုင်ပါသည်။

      ယခုနိုဝင်ဘာလ (တတိယအပတ်) ဆောင်းဦးရာသီသည် ပန်းဇီးသီးများစတင်ပေါ်ချိန်ဖြစ်ပြီး ဈေးများထဲ တွင် ရောင်းချလျက်ရှိနေပြီဖြစ်ကာ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မဈေးအတွင်းသို့ အညာဒေသဖြစ်သော မိတ္ထီလာဘက်မှ ပန်းဇီးသီးများဝင်ရောက်လာပြီး တစ်ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိရောင်းချလျက် ရှိနေပါသည်။ ပန်းဇီးသီးများကို ပြည်တွင်း ဈေးကွက်တွင်သာမက တရုတ်နိုင်ငံသို့လည်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် အဓိကထားတင်ပို့ရောင်းချလျက်ရှိနေပြီး ပန်းဇီးသီးသည် တရုတ်နိုင်ငံ GACC၏ တရားဝင်တင်ပို့ခွင့်ရထားသော သစ်သီးအမျိုးအစားများထဲတွင်ပါဝင်နေပါသည်။

DOCA (ပဲခူး)