တောင်ငူမြို့နယ်အတွင်းရှိ ဖရဲသီးဈေးနှုန်းမြင့်တက်

Powered by Drupal

      ဖရဲသီးသည် ကမ္ဘာတစ်ဝန်းတွင်လူကြိုက်များပြီး စားသုံးမှုများလှသောအသီးအနှံဖြစ်ပါသည်။ ဖရဲသီး မျိုးရင်းသည် ဘူးသီး၊ ဖရုံသီး၊ သခွားသီးတို့ပါဝင်သော မျိုးရင်းထဲကဖြစ်ပြီး ရေဓာတ်အလွန်ကြွယ်ဝပါသည်။ ဖရဲသီးသည်အချိုဓာတ်များသော်လည်း ကယ်လိုရီနည်းပါးသောကြောင့် ကိုယ်အလေးချိန်ထိန်းလိုသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ မည်သည့် ရာသီတွင်မဆို ဖရဲသီးသည်ဝယ်လိုအားများလျက်ရှိပြီး ဖရဲစိုက်ပျိုးသူ၊ ရောင်းချသူများအတွက်လည်း ဝင်ငွေအကျိုးအမြတ်များစွာရရှိနေပါသည်။

     ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းတွင် ဖရဲသီးများကို ကားများဖြင့် ရပ်နားရောင်းချ လျက်ရှိနေပြီး ဖရဲသီးများသည် ရှမ်းပြည်နယ်ဘက်မှထွက်ရှိကာ ယခင်အောက်တိုဘာလက ဖရဲသီး တစ်လုံးလျှင် ၂၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိသာရှိပြီး ယခုနိုဝင်ဘာလတွင် ဖရဲသီးတစ်လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိဈေးနှုန်း မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

DOCA (ပဲခူး)