နိုဝင်ဘာလဒုတိယပတ်ကုလားပဲစျေး

Powered by Drupal

        ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၄၀၀၀၀ကျပ်၊ကုလားပဲ(V-7)၂၂၅၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်)နှင့်(929)၂၂၈၀၀၀ကျပ်နှင့်၂၃၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာကုလားပဲ(V-2)၄၁၉၂ကျပ်၊ကုလားပဲ (V-7) ၃၉၃၀ကျပ်၊ ကုလားပဲ (ထိုင်ဝမ်)နှင့် (929) ၄၀၅၃ နှင့် ၄၀၈၉ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ် ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၄၁၅ကျပ်၊ ကုလားပဲ(V-7) ၅၇၆၄ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၅၀၆၇ ကျပ်၊ကုလားပဲ(929) ၅၂၀၉ကျပ်နှင့်၅၂၄၄ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)