“ကင်ပွန်းချဉ်စိုက်ပျိုးဝင်ငွေးတိုး”

Powered by Drupal

  မန္တလေးတိုင်းဒေသကြီးကျောက်ဆည်ခရိုင် အညာဒေသဖြစ်သည့်အတွက် ရာသီပေါ်ဟင်းသီး ဟင်းရွက်သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ မိုးတွင်းကာလတွင် ကင်ပွန်းချဉ်ပင်များမှ အရွက်အညွန့်များ တလူလူနှင့်စတင်ထွက်ရှိပြီးကင်ပွန်းချဉ်ပင်များကိုအိမ်နောက်ဖေး မြေပိုမြေလွတ် များတွင် စနစ်တကျစိုက်ပျိုး ထားကြသလိုစီးပွားဖြစ်အနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လာကြပါသည်။ ပူပြင်းသော ရာသီဥတုအချိန်အခါများတွင်ကင်ပွန်းချဉ် ကိုဟင်းအရံအနေဖြင့် ဟင်းချို အရေကျဲလေးချက်ပြုတ်၍စားသုံးခြင်းဖြင့် အပူဒဏ်ကို လျော့စေပြီး ခံတွင်းမြိန်စေ ပါသည်။ကင်ပွန်းချဉ်အရွက်သာမက ကင်ပွန်းဥ၊ကင်ပွန်းသီးပါ အသုံးဝင်းသည့်အပြင် ကင်ပွန်းချဉ်ပင်သည် ဆေးအနေဖြင့်လည်းသုံး၍ရကြောင်း၊အရွက်ကိုကြိတ်ပြီး အသည်းရောင် အသားဝါရောဂါသည်တွေကို တိုက်ရင်သက်သာစေပြီး၊ အသည်းရောင်နေတဲ့နေရာကို လိမ်းပေးခြင်းဖြင့် အရောင်ကျစေကြောင်း၊ ကင်ပွန်းချဉ်ရွက်သည် လေနဲ့ပတ်သက်တဲ့ရောဂါကို သက်သာစေပြီး ဝမ်းကိုလည်းပျော့စေကြောင်း၊ ကျောက်ကပ်ကို အားပေးတဲ့အတွက် သောက်သုံး လျှင်ဆီးရွှင်စေကြောင်း၊ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး ငှက်ဖျားရောဂါသည်တွေ သောက်သုံးခြင်းဖြင့် ပျောက်စေကြောင်းစသည့် ရောဂါများ သက်သာစေသည်ဟုလေ့လာ သိရှိရပါသည်။ ကင်ပွန်းချဉ်ဈေးကွက်အနေဖြင့် ကင်ပွန်းချဉ်(၁၀)ကျပ်သားလျှင် (၈၀၀)ကျပ်၊ (၁)ပိဿာလျှင်   (၇၀၀၀)ကျပ် ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ကုန်းစိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)