
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် သီးနှံမျိုးစုံ အောင်မြင်ဖြစ် ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ဆောင်းငရုတ်သီးနှံကိုလည်းရွှေကြာအင်း ၊ထနောင်းကုန်း၊ သိုတန်ရွာများတွင် အများဆုံး စတင်စိုက်ပျိုးလျက်ရှိပါသည်။ ဆောင်းငရုတ်ကို အောက်တိုဘာ နှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ နှင့် မတ်လများတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း၊ ဆောင်းငရုတ် (၁)ဧကစိုက်ပျိုးလျှင်မျိုးအနေဖြင့်၆၉၂၊သာမို၊ဒီမွန်မျိုးများကိုအများဆုံးစိုက်ပျိုးရကြောင်း၊ရာသီမရွေး စိုက်ပျိုးနိုင်သောကြောင့် တောင်သူများမှ တစ်နှစ်ပတ်လုံး စိုက်ပျိုးလာကြပါသည်။ငရုတ်စိုက် ပျိုးရာတွင် ပျိုးထောင်း၍ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ဆောင်းငရုတ် စိုက်ပျိုးမှု (၁) ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၁၅၀၀၀၀၀/-)ကျပ် ခန့်ကုန်ကျကြောင်း၊ မြေဆီမြေဩဇာ ကျွေးသည့်အပေါ်မူတည်ပြီး အပင်သက်တမ်းကြာနိုင်ပြီး အသီးအပွင့်များ ဝေစာကာအထွက်နှုန်း ပိုကောင်းကြောင်း၊ ယခင်နှစ်ဆောင်းငရုတ်အထွက်တင်း အနေဖြင့်(အစို) တင်း(၂၀၀)ကျော် ထွက်ရှိပြီး တစ်ဧက အခြောက်တင်း (၈၀)ခန့် ထွက်ရှိကြောင်း၊ ပိဿာအနေဖြင့် အစိုပိဿာ (၁၀၀၀)ထွက်ရှိပြီး အခြာက်ပိဿာ(၄၀၀-၅၀၀)ထွက်ရှိကြောင်း၊ ယခင်နှစ် ငရုတ်သီးဈေးနှုန်းအနေဖြင့် ငရုတ်အညှာခြွေ တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ငရုတ်သီးမှုန့်တစ်ပိဿာလျင်(၁၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း ၊ ယခင်နှစ် ဆောင်းငရုတ် တစ်ဧက အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး(၂၉၀၀၀၀၀)ကျပ် ခန့်မြတ်ကြောင်း ၊ ယခုလက်ရှိ ငရုတ်သီး ပေါက်ဈေးအနေဖြင့် အညှာခြွေ တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ် ၊ အညှာပါ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ အမှုန့်တစ်ပိဿာလျှင်(၁၉၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ၊ ငရုတ်သီးထွက်ပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး ပွဲရုံများမှတစ်ဆင့် မန္တလေး၊ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ဆောင်းငရုတ် ထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း ဆောင်းငရုတ်စိုက်ပျိုးသော တောင်သူတစ်ဦးထံမှသိရှိရပါသည်။
DOCA(မန္တလေး)
