“မုန်ညှင်းဆလပ်စျေးနှုန်းစျေးကွက်”

Powered by Drupal

   ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်စျေး ၊ မြစ်သားစျေး နှင့် စဉ့်ကိုင်စျေးများသို့ အောင်ပန်း၊ကလော၊ရွာငံမြို့များမှ မုန်ညှင်းဆလပ်များ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်းသိရှိရပါ သည်။မုန်ညှင်းဆလပ်ကို ရှမ်းပြည် အောင်ပန်းဒေသတွင်အများဆုံးစိုက်ပျိုးကြပြီး ဖောက်သည်စျေး အနေဖြင့်ယခင်လတွင်(၁)ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ်အထိရောင်းချရပြီး ယခုအောက်တိုဘာလ တွင်စျေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ၊ လက်ရှိ မုန်ညှင်းဆလပ်(၁)ပိဿာလျှင် ဖောက်သည်စျေး (၃၂၀၀-၃၆၀၀)ကျပ် အထိရောင်းချရသောကြောင့် ယခင်လနှင့်နှိုင်းယှဉ်ပါက မုန်ညှင်းဆလပ်(၁)ပိဿာလျှင်(၆၀၀/-)ကျပ်ခန့် စျေးနှုန်းမြင့်တက်သွားကြောင်း မုန်ညှင်းဆလပ် စိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ မုန်ညှင်းဆလပ်ကိုအစိမ်းကြော် စား၍လည်းကောင်း၊ကင်ချီချဉ်ပြုလုပ်၍လည်းကောင်း၊အတို့အမြုပ်အဖြစ်လည်းကောင်းစားသောက် ကြကြောင်း၊မုန်ညှင်းဆလပ်စားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိစေပြီး ဝယ်လိုအားရှိသော မုန်ညှင်းဆလပ်ကို တောင်သူများ ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA(မန္တလေး)