ဘားအံမြို့ဒေသထွက် မုန်လာပင်ပေါက်နှင့် မုန်လာဥဖြူဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ဆောင်းရာသီဒီဇင်ဘာလ တတိယပတ်တွင် ကရင်ပြည်နယ်ဒေသထွက် မုန်လာပင်ပေါက်နှင့်မုန်လာဥဖြူများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။

          မုန်လာဥဖြူကိုသုံးတတ်ရင် သုံးတတ်သလိုဟင်းဖြစ်စေသော မြန်မာ့အစားအစာတစ်မျိုးဖြစ် ပါသည်။ မုန်လာဥကို ငါးခူ၊ ငါးရံ့၊ ငါးမြင်း၊ ငါးကြင်း စသောငါးများဖြင့် ချဉ်ရည်ဟင်းချက်စားကြသ လို မုန်လာဥပိုးတီချဉ်၊ မုန်လာဥသနပ်သုပ်၊ မုန်လာဥချဉ်ဖက်တို့ကလည်း ထမင်းမြိန်စေပါသည်။ မုန်လာဥဖြူတွင်ပါရှိသော ဗီတာမင်အေ၊ ဗီတာမင်စီနှင့် ဗီတာမင်ကေဓာတ်များက ခန္ဓာကိုယ်အရေ ပြားပျက်စီးခြင်းမှ ကာကွယ်ပေးခြင်းဖြင့် ကျန်းမာရေးကိုအထောက်အကူ ပြုပေးနိုင်ပါသည်။ မုန်လာ ဥဖြူဈေးနှုန်းမှာ မုန်လာဥဖြူ အစည်းကြီး တစ်စည်းလျှင် (၂၀၀၀)ကျပ်၊ မုန်လာဥဖြူ အစည်း သေး တစ်စည်းလျှင် (၇၀၀) ကျပ်နှုန်းနှင့် မုန်လာပင်ပေါက်ဈေးနှုန် တစ်စည်း(၅၀၀)ကျပ်နှင့် သုံးစည်းလျှင် (၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ဈေးကောင်းရကာ အရောင်အဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့ဒေသ ထွက် မုန်လာပင်ပေါက်နှင့် မုန်လာဥဖြူအရောင်းဆိုင်များမှ သိရသည်။

DOCA(ကရင်)