မြိတ်ဒေသ နာမည်ကြီးစားသောက်ကုန်များမှ အာပုံမုန့်

Powered by Drupal

   တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒေသထွက်ကုန်များ၊ ရေထွက်ကုန်များအား အသုံးပြု၍ စီးပွား ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ‌ရိုးရာအစားအစာများဖြင့်လည်း ကျော်ကြားလျက်ရှိပါသည်။ ရိုးရာအစားအစာများတွင် အာပုံမုန့် သည်လည်း လူကြိုက်များပြီး ရောင်းရလျက်ရှိပါသည်။ ခရီးသွား ဧည့်သည်များအပြင် မြို့တွင်းမှ သူများကလည်းဝယ်ယူလျက်ရှိပြီး လမ်းဘေးဆိုင်ငယ်များနှင့် အိမ် ဆိုင်များတွင်ပြုလုပ်ရောင်းချကြသည်။ မြိတ်မြို့တွင်စန္ဒဝတ်ကျေးရွာရှိစန္ဒဝတ်အာပုံမှာ နာမည်အကြီး ဆုံးဖြစ်ပြီး အရွယ်အစားပေါ်မူတည်၍ စျေးနှုန်းကွဲပြားလျက်ရှိကြောင်းသိရှိရပါသည်။ အာပုံမုန့်တွင် ရိုးရိုးနှင့် ကြက်ဥအာပုံဟူ၍ ခွဲခြားကြပြီး မြိတ်မြို့တွင်ရောင်းချနေသော စျေးနှုန်းအရ ကြက်ဥ အာပုံတစ်ချပ်(၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ခန့်ထိရှိပြီး ရိုးရိုးတစ်ချပ်လျှင် (၅၀၀)ကျပ် မှ (၁၀၀၀) ကျပ် ခန့်အထိ ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)