
ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပဲကြီးသီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဒီဇင်ဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၆၃၀၀၀၀ကျပ်နှင့် ၆၅၀၀၀၀ကျပ်၊ ပဲကြီး(လတ်) ၅၅၀၀၀၀ကျပ်နှင့် ၅၇၀၀၀၀ ကျပ်၊ပဲကြီး(သေး)၄၈၀၀၀၀ကျပ်နှင့်၅၀၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၁၁၄၀၃ကျပ်နှင့် ၁၁၇၆၅ ကျပ်၊ ပဲကြီး (လတ်)၉၉၅၅ကျပ်နှင့်၁၀၃၁၇ကျပ်၊ ပဲကြီး (သေး) ၈၆၈၈ ကျပ်နှင့် ၉၀၅၀ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၅၂၄၉ကျပ် နှင့် ၅၄၃၀ကျပ်၊ပဲကြီး(လတ်) ၄၅၂၅ကျပ်နှင့်၄၇၀၆ကျပ်၊ပဲကြီး(သေး)၄၂၅၃ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
