“ မြစ်သားမြို့နယ်ရှိထောပတ်ပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံ ဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ပဲကြီး၊ကုလားပဲ၊ပဲစဉ်းငုံသီးနှံများအပြင်၊ ‌ထောပတ်ပဲသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည် ။ ၄င်းသီးနှံကို အောက်တိုဘာလဆန်းမှစတင်၍ စတင်စိုက်ပျိုး လျက်ရှိရာ အများဆုံး စိုက်ပျိုးသောရွာများမှာ ရိုးကန် ၊ ရစ်ကန် ၊ တောင်တွင်းရွာများတွင် အများဆုံး စိုက်ပျိုး ကြပါသည် ။ စိုက်ပျိုးပြီး (၄)လ အကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၂၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံး စိုက်ပျိုးသောမျိုး များမှာ ပင်ထောင်မျိုးနှင့်ပင်ပြန်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ထောပတ်ပဲပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်း ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၉၀၀၀၀) ကျပ် ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၇၀၀၀၀၀/-) ကျပ် မြတ်ခဲ့ကြောင်း ၊ ယခုလက် ရှိ ထောပတ်ပဲ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၅၅၀၀၀/-) ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်း၊ ထောပတ်ပဲသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း ၊ ပွဲရုံများမှတစ်ဆင့် မန္တလေး ၊ ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျက်ရှိ ကြောင်း၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများအနေဖြင့် သွေးတွင်း သကြားဓာတ်ကျ ဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ ဆံသားကျန်းမှာစေနိုင်သောကြောင့် ထောပတ်ပဲ ကိုစားသုံးသင့်ပါ ကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လို အားရှိသော ထောပတ်ပဲသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင်ပြအပ် ပါသည်။

DOCA(မန္တလေး)