
ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် နှံစားပြောင်း သီးနှံကို (၂၉၉၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၈၈၈)ဧက စုစုပေါင်း စိုက်ဧက (၃၈၈၂)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စိုက်ပျိုးရာ တွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည် စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်း ဆွဲအစေ့ချ ၊ အတန်းလိုက် စိုက်ပျိုးရကြောင်း ၊ ၄င်းသီးနှံအား ဆည်ရေမရရှိသော ယာမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊စိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ မေလတွင်တွင် စတင်စိုက်ပျိုးပြီး ယခု နိုင်ဝင်ဘာလဆန်းတွင် စတင်ထွက်ရှိနေပြီဖြစ်ကြောင်း၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့် (၂၅-၃၀) တင်းခန့် ထွက်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းသောကြောင့် (၁)ဧကလျှင် အထွက်နှုန်း အနေဖြင့် (၄၅-၅၀)တင်းခန့် ထွက်ရှိကြောင်း၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် နှံစားပြောင်း တစ်တင်းလျှင်(၂၃၀၀၀/-)ကျပ် ရရှိခဲ့ပြီး ယခင်လပေါ်ခါစအချိန်တွင် နှံစားပြောင်းစျေးနှုန်း အနေဖြင့် တစ်တင်းလျှင်(၂၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ယခုလက်ရှိ ပေါက်ဈေး အနေဖြင့် (၁၉၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း၊ တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ တစ်ဧကစိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် စိုက်ပျိုး စရိတ်နှုတ်ပြီး (၅၅၅၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ နှံစားပြောင်းသီးနှံ စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ် ဝင်ငွေတိုးရုံသာ မက ကျွဲ ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။
DOCA(မန္တလေး)
