ရန်ကုန်ဆီကန်မှ ထုတ်ယူခဲ့သောစားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိ

Powered by Drupal

      တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက် စားသုံးဆီများကို မြိတ်ခရိုင်ဆီအရောင်းကိုယ်စားလှယ် မှ ရန်ကုန်မြို့ဆီကုမ္ပဏီများမှဝယ်ယူလျက်ရှိပြီး Yadanarbon Global Network Distribution ကုမ္ပဏီမှ (၁၇.၁.၂၀၂၅)ရက်နေ့တွင် ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၈) သည် မော်တော် ယာဉ်အမှတ် 2F-8075 ဖြင့် (၂၂.၁၂.၂၀၂၅) ရက်နေ့တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိ ရပါသည်။

   အဆိုပါ စားအုန်းဆီများကို မြိတ်မြို့သို့အမှန်တကယ်ရောက်ရှိခြင်းရှိ/မရှိအား မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကွင်းဆင်းစစ်ဆေးချက်အရ မော်တော် ယာဉ်အမှတ် 2F-8075 ဖြင့် စားအုန်းဆီ ပေပါ (၈) ပေပါရောက်ရှိလာကြောင်း ၎င်းတို့ကို မြိတ် ခရိုင်ဆီအရောင်းကိုယ်စားလှယ်မှ ၂% အမြတ်ဖြင့် မြိတ်မြို့ဆီအရောင်းဆိုင်များသို့ ရောင်းချပေးမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူများသို့ ဖြန့်ဝေရောင်းချပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)