အလှကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၁၆.၁၁.၂၀၂၅ရက်နေ့ နံနက်(၈)နာရီ တွင် ညောင်တုန်း မြို့ပေါ်ရှိ  အလှကုန်ပစ္စည်းများ ရောင်းချနေ​သော ကုန်စုံဆိုင်များသို့သွားရောက်၍ ကုန်စည်များ ပေါ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေအခန်း ၁၈ ပါ ပြဌာန်းချက်များအရ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အတူ ကွင်းဆင်းစစ်ဆေးခဲ့​ကြောင်း သိရသည်။

                  ထိုသို့စစ်ဆေးရာတွင်  စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးသည် ညောင်တုန်း မြို့ပေါ်ရှိ နွေလရောင် စတိုးဆိုင်၊ လက်နှင်း စတိုးဆိုင်၊ လင်းလဲချိုစတိုးဆိုင်၊ မနွေးနွေး အလှကုန်ဆိုင် (၄)ဆိုင်မှ ရောင်းချနေသော စျေးကွက်အတွင်း ထုတ်လုပ်တင်သွင်း ရောင်းချလျှက်ရှိ​သော အလှကုန်ပစ္စည်း အမျိုးမျိုး ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် စားသုံးသူကာကွယ်ရေး ဥပ​ဒေ ပုဒ်မ (၄၃)အရ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်​စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု (သို့တစ်ခုထက်ပို၍ဖြစ်​စေ တွဲလျက် ဖော်ပြရမည်ဖြစ်​ကြောင်းနှင့် တားမြစ်အလှကုန်များကို ဈေကွက် အတွင်းရောင်းချခြင်း မပြုရန်၊ သက်တမ်းလွန်အလှကုန်များ ဈေးကွက်အတွင်း ရှိမရှိကို စစ်ဆေး‌ဆောင်ရွက်ပြီး  စီးပွားရေးလုပ်ငန်းရှင်များအ​နေဖြင့်  လိုက်နာ​ဆောင်ရွက်ခြင်း ရှိမရှိ စျေးကွက်​စောင့်ကြည့် စစ်​ဆေးခြင်း​ဖြစ်ကြောင်း သိရသည်။

DOCA (ဧရာဝတီ)