
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီအဖွဲ့တို့ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ သစ်တို ကျွန်းကျေးရွာရှိ “မသဲသဲ” စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာအမျိုးမျိုးအရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေဩဇာအမျိုးမျိုးတို့၏ အရည်အသွေးနှင့် ဈေးနှုန်းတို့အား စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် အာဗိုအမှတ်တံဆိပ် ၁၆ ပတ်လည် 50Kg တစ်အိတ်လျှင် (၁၈၀၀၀၀) ကျပ်၊ သံကွင်းတီစူပါ 50Kg တစ်အိတ်လျှင် (၁၅၅၀၀၀) ကျပ်၊ Multi (သီးစုံ) ၂၀:၁၂:၁၂ 50Kg တစ်အိတ်လျှင် (၁၄၀၀၀၀) ကျပ်၊ ခြင်္သေ့တံဆိပ်(သီးစုံ) ၁၀:၁၀:၅ 50Kg တစ်အိတ်လျှင် (၉၅၀၀၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချနေပြီး ထိုဈေးနှုန်းမှာ သယ်ဆောင်စရိတ်နှင့်အမြတ် အစွန်း အနည်းငယ်သာယူ၍ ရောင်းချနေသဖြင့် ဈေးနှုန်းသင့်တင့်မှုရှိပြီး ကျေးရွာရှိ စိုက်ပျိုး ရေးတောင်သူများ အဆင်ပြေကြောင်း သိရှိရပါသည်။
DOCA (မွန်)
