
၂၂.၁၂.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် ဦးစီးမှူးနှင့် ကျိုက်ထိုမြို့နယ်တာဝန်ခံတို့သည် မိတ်ဖက်ဌာနဆိုင်ရာတို့ ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ ဦးဝင်းဦး၏ အောင်ကမ္ဘာ ကိတ်မုန့်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်ကမ္ဘာအမှတ်တံဆိပ်ကိတ်မုန့်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါ ကုန်စည်အုပ်စုအလိုက်ပါဝင်ရမည့် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအား ဆွေးနွေးခြင်း၊ ကုန်အညွှန်း အမှတ်အသားပြည့်စုံမှုမရှိသော မုန့်များနှင့် သက်တမ်းလွန်မုန့်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
