
စားဖိုဆောင်အုပ်စုဝင်ဖြစ်သော ချင်းသီးနှံကို ဟင်းခက်အမွှေးအကြိုင်အဖြစ် လူအများအသုံး ပြုကြကြောင်း၊ မြင်းခြံမြို့နယ်အတွင်းရောင်းချနေသော ချင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၌ အေးမြသီတာဈေးနှင့် စံပြဈေးများတွင်ရောင်းချနေသော ချင်းတစ်အသစ်အခက်ကြီး တစ်ပိဿာ လျှင် (၅၅၀၀)ကျပ်၊ ချင်းတက်အလတ် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ချင်းတက်အသေး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လ နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ချင်းတက်အစစုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ခန့် ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ ဂျင်းတက်အသစ်များ ထွက်ပေါ်ချိန်ဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းခြင်းကြောင်း၊ ချင်းတက် သည် ကိုယ်ခံအားကောင်းသောကြောင့် စားသုံးမှုများပြားပြီး အရောင်းအဝယ် ကောင်းကြောင်း၊ နေ့စဉ်ကုန်ချိန်(၅၀-၁၅၀)ပိဿာခန့် ရောင်းချရကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက် အရသိရှိရသည်။
DOCA(မန္တလေး)
