
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့၊ (၁၅း၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် အဝေးပြေးကားဝင်းရှိ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေး အဝေးပြေးယာဥ်လိုင်းဂိတ်တာဝန်ခံများ၊ ယာဥ်မောင်းများအား စားသုံးသူရေးရာဦးစီးဌာနမှစစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာန မော်တော်ယာဥ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ် လျဥ်း၍ စစ်ဆေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးအဝေးပြေးယာဥ်လိုင်းဂိတ်တာဝန် ခံများ၊ ယာဥ်မောင်းများအား စားသုံးသူရေးရာဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနနှင့် မော်တော်ယာဥ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီတို့မှ တာဝန်ရှိသူများမှ အသိပညာပေးဆွေးနွေးခြင်းနှင့် မော်တော်ယာဥ်ဂိတ်များအား စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
