
စားသုံးသူရေးရာဦးစီးဌာန၊ကြံခင်းမြို့နယ်တာဝန်ခံသည်(၂၄.၁၂.၂၀၂၅)ရက် နေ့လည်(၁၂:၀၀) အချိန်တွင် ကြံခင်းမြို့နယ်ထွေအုပ်ရုံး ဧရာဦးခန်းမ၌ ဆန်စက်လုပ်ငန်းရှင်(၂၀)ဦး အား My Ro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်း နှင့်စပ်လျဉ်း၍ ပြည်တွင်း ၌ ဆန်စပါး ဖူလုံရေး၊ ပြည်ပသို့စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်း ဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်မှန်ကန် ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ်တကျစာရင်း ပြုစု မှတ်တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှု စနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်လုပ်ငန်းစဉ်များအား အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မှတ်ပုံ တင်ထားပြီးသည့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လ ဆန်း ၁ရက်နေ့ မှ ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
