မြိတ်ခရိုင်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီများ မြိတ်မြို့သို့ရောက်ရှိလာမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အတွက် စားအုန်းဆီများကို ရန်ကုန်မြို့ရှိ စားအုန်းဆီ ကုမ္ပဏီများမှ ဖြန့်ခွဲရောင်းချပေးလျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်ကိုယ်စားလှယ် များဖြင့်  ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ မြိတ်ခရိုင်အတွက် Global Good Pure Group Co.Ltdမှ ဒီဇင်ဘာလ စတုတ္ထအပတ်တွင် ခွဲတမ်းရရှိသော စားအုန်းဆီပေပါ (၄၅)သည် (၃၁.၁၂.၂၀၂၅) ရက်နေ့ တွင် ထုတ်ယူပြီး မော်တော်ယာဉ် အမှတ် 6H-6083 ဖြင့် သယ်ဆောင်လာရာ (၄.၁၂.၂၀၂၆) ရက်နေ့ တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို  မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းစားအုန်းဆီများကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျ စရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ ဆိုင်များမှ စားသုံးသူပြည်သူများသို့ ခွဲဝေဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)