စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်အတွင်းရှိ MSME လုပ်ငန်းရှင်များအား  စားသုံးသူရေးရာဦးစီးဌာနမှ   စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို (၂၃.၄.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၃.၀၀) နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

      အဆိုပါ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက  စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန် ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့် ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊ ဥပဒေပါ ပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက် ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်းတိုင်ကြားနိုင်ခြင်း၊ Consumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြား ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Website မှလည်း ဝင်ရောက် တိုင်ကြား နိုင်ပါကြောင်းနှင့် ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ၊ ကုန်သွယ်မှုသတင်းများ၊ ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့် ဥပဒေအကြောင်းအရာများကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် အသိပညာပေးဟောပြောပြီးနောက် တက်ရောက်လာသော လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ဦးစီးမှူးနှင့်ဒု-ခရိုင်ဦးစီးတို့မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)