
စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ် မေလ (၁၂)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ သန်းကြွယ်(၂)ကုန်စုံဆိုင်နှင့် OK ကုန်စုံဆိုင်တို့တွင်ရောင်းချလျက်ရှိသော စားသုံးဆီများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဈေးဆိုင်များတွင်ရောင်းချလျက်ရှိသော အမေထွားပဲဆီ/ နှမ်းဦးဆီသန့်၊ Good Choice ဟင်းသီးဟင်းရွက်ဆီ၊ Healthy Chef ပဲပိစပ်ဆီ၊ အေးသူဇာ စားအုန်းဆီ၊ Duck ဟင်းသီးဟင်းရွက်ဆီများရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ယင်းကုန်စည်များတွင် စားသုံးသူ ကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော မြန်မာဘာသာကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများ ဘေအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ သက်တမ်းကုန်ဆုံးနေသည့် ကုန်စည်များအားရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းမှတ်ပုံတင်ရရှိထား သောကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)
