မိတ္ထီလာ ဈေးကွက်တွင် ခရမ်းချဉ်သီးဈေးအနည်းငယ်ကျဆင်းလျက်ရှိ

Powered by Drupal

        မိတ္ထီလာဈေးကွက်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိတ္ထီလာမြို့နယ်ရှိ ရွာကန်၊ဂွေ့အိုင်၊ရွာသစ်၊မကျီးကုန်း၊ ကျောက်ဖူး၊ မယ်ဇလီကုန်း၊ ကံတောင်၊ ကျေးရွာများမှ ဗမာခရမ်းချဉ်သီး၊ ထိုင်ဝမ်သီးစို ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် အောင်ပန်းဘက်မှလာသော ရှမ်းသီးများ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ဒေသတွင်း ခရမ်းချဉ်သီးကို မိသားစု အပိုဝင်ငွေရရှိစေရန် တစ်ပိုင်တနိုင်စိုက်ပျိုးကြပြီး မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးပွဲရုံများသို့အများဆုံး တင်ပို့ရောင်းချကြကြောင်း သိရပါသည်။

     ယခုဇွန်လဒုတိယပတ်တွင် ဈေးကွက်အတွင်း  ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၈၀၀-၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေးဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊  ထိုင်ဝမ်သီးစို ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ရှမ်းသီး တစ်ပိဿာ လျှင်(၂၀၀၀)ကျပ် ဖြင့်အရောင်းအဝယ်  ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် ဗမာခရမ်း ချဉ်သီးတစ်ပိဿာလျှင် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊  ထိုင်ဝမ်သီးစို ခရမ်းချဉ်သီးတစ်ပိဿာ လျှင် (၁၀၀၀)ကျပ်၊ ရှမ်းသီးတစ်ပိဿာ လျှင်(၁၀၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှ ဒေသတွင်းထွက်ရှိသောခရမ်းချဉ်သီးများ ဈေးကွက်အဝင်များလာခြင်းကြောင့်ဖြစ် သည်ဟုသိရပါသည်။

DOCA(မန္တလေး)