
မိတ္ထီလာဈေးကွက်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိတ္ထီလာမြို့နယ်ရှိ ရွာကန်၊ဂွေ့အိုင်၊ရွာသစ်၊မကျီးကုန်း၊ ကျောက်ဖူး၊ မယ်ဇလီကုန်း၊ ကံတောင်၊ ကျေးရွာများမှ ဗမာခရမ်းချဉ်သီး၊ ထိုင်ဝမ်သီးစို ခရမ်းချဉ်သီးများနှင့် ရှမ်းပြည်နယ် အောင်ပန်းဘက်မှလာသော ရှမ်းသီးများ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ ဒေသတွင်း ခရမ်းချဉ်သီးကို မိသားစု အပိုဝင်ငွေရရှိစေရန် တစ်ပိုင်တနိုင်စိုက်ပျိုးကြပြီး မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးပွဲရုံများသို့အများဆုံး တင်ပို့ရောင်းချကြကြောင်း သိရပါသည်။
ယခုဇွန်လဒုတိယပတ်တွင် ဈေးကွက်အတွင်း ပွဲရုံများ၌ လက္ကားဈေး တစ်ပိဿာလျှင်(၈၀၀-၁၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လက်လီဈေးဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ ထိုင်ဝမ်သီးစို ခရမ်းချဉ်သီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ ရှမ်းသီး တစ်ပိဿာ လျှင်(၂၀၀၀)ကျပ် ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့်ကာတူနှိုင်းယှဉ်လျှင် ဗမာခရမ်း ချဉ်သီးတစ်ပိဿာလျှင် တစ်ပိဿာလျှင်(၁၀၀၀)ကျပ်၊ ထိုင်ဝမ်သီးစို ခရမ်းချဉ်သီးတစ်ပိဿာ လျှင် (၁၀၀၀)ကျပ်၊ ရှမ်းသီးတစ်ပိဿာ လျှင်(၁၀၀၀)ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှ ဒေသတွင်းထွက်ရှိသောခရမ်းချဉ်သီးများ ဈေးကွက်အဝင်များလာခြင်းကြောင့်ဖြစ် သည်ဟုသိရပါသည်။
DOCA(မန္တလေး)
