
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အစည်းအဝေး ၂/၂၀၂၆ တွင် တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမောင်ကြီး၏ တင်ပြချက်အရ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆရာ/ ဆရာမများနှင့် ပူးပေါင်း၍ မြိတ်မြို့၊ ကန်ဖျားရပ်၊ ကျန်ဖျားလမ်းမကြီးရှိ Myeik Intellect Private School ကျောင်းမုန့်စျေးတန်းရှိ စျေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျောင်းသား/ သူ၊ ကလေးသူငယ်များအား ရောင်းချသည့် စျေးတန်းဖြစ်သည့်အတွက် သန့်ရှင်းသပ်ရပ်မှုများရှိ/ မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင် အချိုရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှုများ ရှိ/ မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် အသင့်သောက်အချို ရည်အမျိုးမျိုးနှင့် မုန့်များရောင်းချမှု ရှိ/ မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
