ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားကုန်ဈေးနှုန်းများ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးတွင် သီးနှံမျိုးစုံအများဆုံးစိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက်ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါးမြို့များနှင့် ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာဈေးဖြစ်ပါသည်။

    ဆိပ်ဖြူမြို့၊ ပတ္တမြားဈေးအတွင်း၌ (၂၀၂၃) ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၁၂၀၀ မှ ၁၄၀၀)ထိ၊ ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၁၀၀၀ မှ ၁၂၀၀)ထိ၊ အာလူး(၁)ပိဿာလျှင် ကျပ် (၂၃၀၀ မှ ၂၄၀၀)ထိ၊ မျှစ်ပေါက်(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ငရုတ်သီး(စိမ်း)(၁)ပိဿာလျှင် ကျပ် (၄၀၀၀)၊ ငရုတ်သီး(ခြောက်)(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀ မှ ၁၈၀၀၀)ထိ၊  ဂေါ်ဖီ(၁)ထုပ်လျှင် ကျပ် (၇၀၀ မှ ၁၀၀၀)ထိ၊ မုန်လာဥဖြူ(၁)ဥလျှင် ကျပ်(၁၅၀)၊ သကြားပြောင်းဖူး(၁)ဖူးလျှင် ကျပ်(၄၀၀)၊  ပန်းမုန်လာ(၁)ပွင့်လျှင် ကျပ်( ၇၀၀ မှ ၈၀၀)ထိ၊ ချင်းတက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ ချင်းပေါက်(၁)ပိဿာလျှင် ကျပ်(၁၉၀၀)၊ ကန်စွန်းဥ(၁)ပိဿာလျှင် ကျပ်(၁၀၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ဆိပ်ဖြူမြို့၏ စားသုံးဆီဈေးနှုန်းများမှာ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၆၅၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စက်ပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀ မှ ၁၃၀၀၀)ထိ၊ ဆုံပဲဆီ(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ဧရာပဒေသာဆန်(အဟောင်း)(၁)အိတ်လျှင် ကျပ်(၈၅၀၀၀)၊ ဧရာပဒေသာဆန် (အသစ်)(၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မနောသုခ(၁)အိတ်လျှင် ကျပ်(၆၀၀၀၀)၊ စင်းသုခ(၁)အိတ် လျှင် ကျပ်(၆၀၀၀၀)၊ သိင်္ဂီပေါ်ဆန်း(၁)အိတ်လျှင် ကျပ်(၁၀၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး အသားငါးဈေးနှုန်းများမှာ မွေးမြူရေး CP ကြက်သား(၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ ဗမာကြက်သား(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ်(၁၇၀၀၀)၊ ဆိတ်သား(၁)ပိဿာလျှင် ကျပ်(၂၂၀၀၀)နှင့် ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၉၀၀၀) ဈေးနှုန်းအသီးသီးဖြင့် အရောင်း   အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(မကွေး)