ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့ ဒုတိယအကြီးဆုံးဖြစ်လာသည့် တရုတ်နိုင်ငံ၏ဆေးဖက်ဆိုင်ရာလုပ်ငန်း

            တရုတ်နိုင်ငံသည် ဆေးဘက်ဆိုင်ရာလုပ်ငန်းသည် ယခုအခါတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး စျေးကွက်အဖြစ်ရောက်ရှိနေပြီး ဆန်းသစ်တီထွင်သောဆေးဝါးများဖွံ့ဖြိုးတိုးတက်မှုနှင့် သုတေသနလုပ်ငန်များကြောင့် ယခုအခါတွင် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း သိရပါသည်။ ၎င်းနိုင်ငံသည် ယခုအခါတွင် ကလေးဆေး ၃၈၇ ခုနှင့် ရှားပါးရောဂါများအတွက် ဆေးဝါးထုတ်လုပ်မှု ၁၄၇ ခုကို အတည်ပြုထုတ်လုပ်ခွင့်ပေးလိုက်ကြောင်း တရုတ်နိုင်ငံဆေးဝါး ထုတ်လုပ်ရေးအဖွဲ့အစည်း၏ ဒုဥက္ကဌ ဆိုသူ Yang Sheng က သတင်းအချက်အလက် နည်းပညာဌာနမှ ကျင်းပပြုလုပ်သော ညီလာခံတွင်‌ပြောကြားခဲ့ပါသည်။ Yang က တရုတ်နိုင်ငံသည် ဆေးဝါးထုတ်လုပ်မှုလုံခြုံရေးနှင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် ပြည်သူလူထုအား ဆေးဝါးကုသပေးရေးလုပ်ငန်းစဥ်များကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)                                                                         

AI ရင်းနှီးမြှုပ်နှံမှုအား ထိပ်တန်းဦးစားပေးမူဝါဒအဖြစ် ချမှတ်လိုက်သည့် တောင်ကိုရီးယားနိုင်ငံ

          တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုတိုးမြင့်မှုကြောင့် ယခုနှစ်အတွက် ၎င်း၏ စီးပွားရေးတိုးတက်မှုအလားအလာခန့်မှန်းခြေကို လျော့ချလိုက်ရသဖြင့်  သြဂုတ်လ ၂၂ ရက်နေ့တွင် ဉာဏ်ရည်တု (AI) နည်းပညာတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို ထိပ်သီးဦးစားပေးမူဝါဒအဖြစ် ချမှတ်လိုက်ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် AI နှင့် တီထွင်ရေးစီမံကိန်း ၃၀ ခုကို ဆောင်ရွက်ရန်စီစဥ်‌နေကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ AI နည်းပညာများတွင် စက်ရုပ်များ၊ ကားများ၊ သင်္ဘောများ၊ အိမ်သုံးပစ္စည်းများ၊ ဒရုန်းများ၊ စက်ရုံသုံးပစ္စည်းများနှင့် ချစ်ပ်ဆက်များ ပါဝင်ကြောင်း သိရပါသည်။ အစိုးရသည် စီမံကိန်းများတွင် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ အခွန်မက်လုံးများ၊ ထိန်းသိမ်းရန်ရင်းနှီးမြှုပ်နှံမှုများ ထည့်သွင်းရန်စီစဥ်နေပြီး၊ အစိုးရသည် ရန်ပုံငွေ ဝမ် ၁၀၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၁.၅၆ ဘီလီယံ) ခန့်ကို နည်းဗျူဟာမြောက် ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သိရပါသည်။ အစိုးရက ချမှတ်လိုက်သော အဆိုပါ မူဝါဒသည် တောင်ကိုရီးယားနိုင်ငံအား AI စွမ်းအားတွင် ထိပ်သီး ၃ နိုင်ငံတွင် ပါဝင်စေရန်နှင့် စီးပွားရေးတိုးတက်မှုတွင် မြှင့်တင်ပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ဇူလိုင်လတွင် အမေရိကန်နိုင်ငံနှင့် အ‌ကောက်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံရာမှ ၁၅ ရာခိုင်နှုန်းသာ ကောက်ခံရန် သဘောတူညီမှုများရေးထိုးခဲ့ကြောင်း  သိရပါသည်။ ၎င်းအစိုးရသည် ကုန်တင်ပို့မှုများအား ၀.၂ ရာခိုင်နှုန်းမြင့်တက်ရင် မျှော်မှန်းခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ၀.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သမ္မတ Lee Jae Myung သည် တောင်ကိုရီးယားနိုင်ငံအား ယခုလာမည့် နှစ်တွင် အစိုးရအသုံးစရိတ် မြှင့်တင်မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

Source: CNA

DOCA (ရန်ကုန်)                                                                             

Google နှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော သဘောတူညီချက် ပြုလုပ်ခဲ့သည့် Meta ကုမ္ပဏီ

             Meta ပလက်‌‌ဖောင်းသည် google ကုမ္ပဏီနှင့် ဒေါ်လာ ၁၀ ဘီလီယံတန်ကြေးရှိသော cloud ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ အဆိုပါသဘောတူညီမှုတွင် Meta သည် Google အားအသုံးပြု၍ cloud ၏ ဆာဗာ၊ storage၊ ကွန်ရက်နှင့် တစ်ခြားသော ဝန်ဆောင်မှုများကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါသတင်းသည် Meta ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mark Zuckerberg ၏ အဆိုပါ ကုမ္ပဏီသည် များစွာသော AI ‌ဒေတာစင်တာများတည်ထောင်ရန်အတွက်‌ ဒေါ်လာ ဘီလီယံချီ သုံးစွဲသွားမည်ဟု ပြောကြားချက်အပြီးတွင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါ သည်။ အဆိုပါ ကုမ္ပဏီသည် ၎င်း၏ တစ်နှစ်တာအောက်ခြေ အသုံးစရိတ်ကို ၂ ဘီလီယံခန့်တိုးမြင့် ရန် ခန့်မှန်းထားပြီး ယခင်လတွင် ၎င်း၏ အသုံးစရိတ်ကို ၆၆ ဘီလီယံမှ ၇၂ ဘီလီယံ အထိ သတ်မှတ်ထားကြောင်း သိရပါသည်။ Meta သည် ဒေတာစင်တာတွင် ဒေါ်လာ ၂ ဘီလီယံခန့် ဖယ်ရှားခြင်းဖြင့် AI စွမ်းအား အသုံးပြုရန်အတွက် ကြီးမားသော အခြေခံအဆောက်အဦများတည် ဆောက်ရန် ရန်ပုံငွေများကို ပြင်ပကုမ္ပဏီများမှ ရှာဖွေလျက်ရှိကြောင်း ကုမ္ပဏီ၏ ထုတ်ဖော်ပြချက်များ အရသိရပါသည်။ ယခုလိုရှုပ်ထွေးသော သဘောတူညီမှုများကြားတွင် google ၏ cloud computing ယူနစ်များသည် ဒုတိယသုံးလပတ်ကာလတွင် ၃၂ ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

Source: CNA 

DOCA (ရန်ကုန်)                                                                            

အမေရိကန်နိုင်ငံအခွန်မြင့်တက်မှုကြောင့် PlayStation စက်စျေးနှုန်းများမြင့်တက်လျက်ရှိ

          ဗီဒီယိုဂိမ်းစက်များထုတ်လုပ်သည့် Sony ကုမ္ပဏီသည် သြဂုတ်လ၂၀ ရက်နေ့တွင် ပြောင်းလဲနေသော စီးပွားရေးအခြေအနေများကြောင့် အမေရိကန်နိုင်ငံတွင် PlayStation 5 စက် တစ်ခုလျှင် ဒေါ်လာ ၅၀ ခန့် မြင့်တက်လာကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသမ္မတ Donald Trump ၏ အခွန်တိုးမြင့်ကောက်ခံမှုကြောင့် အမေရိကန်နိုင်ငံသို့ တင်ပို့သောကုန်ပစ္စည်းများ ထုတ်လုပ်မှုတန်ဖိုးသည် မြင့်တက်လျက်ရှိပြီး ဂျပန်နိုင်ငံမှ Sony ကုမ္ပဏီသည် ၎င်း၏ သုံးစွဲသူများအတွက် သက်သာမှုရှိအောင် စီစဥ်ပေးလျက်ရှိကြောင်း သိရပါသည်။ အစောပိုင်းအခွန် ၂၅ ရာခိုင်နှုန်း တိူးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်မှုအပြီးတွင် ဂျပန်နိုင်ငံသည် Trump အာဏာပိုင် အဖွဲ့အစည်းနှင့် ၁၅ ရာခိုင်နှုန်းသာကောက်ခံရန် ညှိနှိုင်းခဲ့ကြောင်း သိရပါသည်။ PS 5 အတွက် စျေးနှုန်းအသစ်သည်‌ ဒေါ်လာ ၅၅၀ ခန့်ကျမည်ဖြစ်ပြီး digital edition အတွက် ဒေါ်လာ ၅၀၀ခန့်၊ ပရိုဗားရှင်းအတွက် ဒေါ်လာ ၇၅၀ ခန့် ကျမည်ဖြစ်ကြောင်း Sony ကုမ္ပဏီမှ အကြံပေးဆိုသူ Tomatis ၏ ပြောကြားချက်အရ သိရပါသည်။ မေလတွင် Sony သည်အကောက်ခွန်များပြောင်းလဲ ရန်မျှော်မှန်းထားခဲ့ပြီး ယခုနှစ် ဘဏ္ဍာနှစ်တွင် ၎င်း၏ ကုန်ကျစရိတ်သည်ဒေါ်လာ သန်း ၆၈၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းခဲ့ကြောင်း သိရပါသည်။ Sony နှင့်အလားတူ တစ်ခြားသော အမေရိကန် ကုမ္ပဏီများသည်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ NewYork အခြေစိုက် အလှကုန်ပစ္စည်းထုတ်လုပ်သည့် Estee Lauder ကုမ္ပဏီသည် Trump ၏ အကောက်ခွန်တိုးမြင့်မှုကြောင့် ၂၀၂၆ ဘဏ္ဍာနှစ်တွင် ကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ ကျသင့်မည်ဟုခန့်မှန်းခဲ့ကြောင်း သိရပါသည်။ အလားတူ Pepsi ကုမ္ပဏီသည်လည်း အမေရိကန်နိုင်ငံ၏ ၁၀ ရာခိုင်နှုန်းအခွန် တိုးမြင့်ကောက်ခံမှုကြောင့် ၎င်း၏ ထုတ်ကုန်အအေးများ၏ စျေးနှုန်းများကို တိုးမြင့်မည်ဟု ပြောကြားခဲ့ပါသည်။ အချို့သောစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့မျှော်မှန်းထားသည့် ကုန်ပစ္စည်းများကို အကောက်ခွန်မဲ့ဝယ်ယူမှုများရှိလာသဖြင့် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့သော်လည်း အခြားသူများသည် ၎င်းတို့၏ စားသုံးသူများထံမှ အပိုကုန်ကျစရိတ်များကိုတစ်ဆင့်လွှဲပြောင်းကာ ဖြေရှင်းနိုင်ခဲ့ကြောင်း သိရပါသည်။

Source: Philstar

DOCA (ရန်ကုန်)

ဗီယက်နမ်၏ဒူးရင်းသီးတင်ပို့မှု နာလံထူမှုအားကောင်း

        ဒေသခံများ၊ စီးပွားရေးလုပ်ငန်းများနှင့် လယ်သမားများ၏အားထုတ်မှုများနှင့်အတူ ဗီယက်နမ်၏ ဒူးရင်းသီးတင်ပို့မှုသည် ၂၀၂၅ ခုနှစ်မေလမှစ၍ နာလံထူမှုအားကောင်းခဲ့ပြီး အားကောင်းသောကြီးထွားမှုအဟုန်ကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် နိုင်ငံသည် တန်ချိန် ၂၀၇၀၀၀ ကျော်ရှိသော လတ်ဆတ်သောဒူးရင်းသီးများ တင်ပို့ခဲ့ကြောင်း သိရပါသည်။ ထိုပမာဏသည် ၂၀၂၅ ခုနှစ် ပထမ ၄ လထက် ဆယ်ဆကျော်များပြားခဲ့ကြောင်း သိရပါသည်။ ထို့ပြင် နိုင်ငံသည် တန်ချိန် ၁၆၀၀၀ နီးပါးရှိသော အေးခဲထားသောဒူးရင်းသီးများကိုလည်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ တင်ပို့မှုဆက်လက်အရှိန်မြှင့်တင်ရန်အတွက် အပင်ထုတ်လုပ်ရေးနှင့် ကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Huynh Tan Dat က ဗီယက်နမ်သည် ဒူးရင်းသီး စိုက်ပျိုးသည့်ဧရိယာများတွင် cadmium contamination map တည်ထောင်ရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းသည် အစားအစာဖူလုံရေး၊ တင်သွင်းသည့်ဈေးကွက်လိုအပ်ချက် ကိုက်ညီရေးနှင့် တင်ပို့မှုစဉ်ဆက်မပြတ်ကြီးထွားရေးတို့အတွက် အဓိကစီမံချက်ဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ၎င်းသည် ဗီယက်နမ်ဒူးရင်းသီးများ တရုတ်နိုင်ငံတွင်တည်ရှိမှုကို ထိန်းသိမ်းရန်နှင့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယား အစရှိသည့် အဆင့်မြင့်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်ရန်အတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း သိရပါသည်။ Dat က ရလဒ် အားလုံးသည် ဒစ်ဂျစ်တယ်စနစ်ဖြင့် စိုက်ခင်းဧရိယာစီမံခန့်ခွဲမှုစနစ်သို့ ဝင်ရောက်မည်ဖြစ်ပြီး အာဏာပိုင်များ၊ စီးပွားရေးသမားများနှင့် စိုက်ပျိုးရေးသမားများအတွက် သတင်းအချက်အလက်များ လွယ်ကူစွာရရှိစေနိုင်မည်ဖြစ်ကာ စွန့်စားရမှုများကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။ ထိုအစီအစဉ်များအပြင် အော်ဂဲနစ်မြေဩဇာအသုံးပြုခြင်း၊ မြေဆီလွှာ pH မြှင့်တင်ခြင်းနှင့် အပင်များမှ cadmium စုပ်ယူမှုကိုကန့်သတ်ပေးမည့် ဇီဝထုတ်ကုန်များအသုံးပြုခြင်း အစရှိသည့် သတ္ထုဓာတ်ပါဝင်မှုကိုလျှော့ချပေးမည့် မြေဆီလွှာတိုးတက်ရေးမော်ဒယ်များကို ဖော်ပြသွားမည်ဟု သိရှိရပါသည်။

 

Vietnam Plus

DOCA (ရန်ကုန်)                                                                            

တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ဟုဆို

    တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)အတွက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံအဖြစ် တည်ရှိနေဆဲ ဖြစ်ကြောင်း ကုန်သွယ်ရေးတာဝန်ရှိသူ တစ်ဦးက စက်တင်ဘာလ ၈ ရက် တွင် ပြောသည်။

     ယခုကဲ့သို့ တရုတ်နိုင်ငံက အာဆီယံအဖွဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ၁၆ နှစ်ရှိလာပြီဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆက်ပြောသည်။

     ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့ကြား ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၉၇ ဘီလီယံအထိ ရှိကြောင်း၊ ထိုပမာဏသည် ယမန်နှစ်ကထက် ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်းနှင့်တရုတ်နိုင်ငံ၏စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏအနက် ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ယန်ဒေါင်းက ပြော ထားခြင်း ဖြစ်သည်။

    ထို့ပြင် ယခုနှစ်၏ ဇူလိုင်လကုန်အထိ တွက်ချက်မှုများအရ   တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ တို့ကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၄၅၀ ကို ကျော် လွန်လာကြောင်း ယန်ဒေါင်းကဆက်ပြောသည်။

    တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံမှ ကုမ္ပဏီများအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းများအတွက် ချုပ်ဆိုထားသည့် စာချုပ်တန်ဖိုးမှာ ဒေါ်လာ ဘီလီယံ ၄၈၀ ရှိကြောင်း သိရသည်။    

DOCA(ပြည်ထောင်စုနယ်မြေ)

မလေးရှားနိုင်ငံမှတစ်ဆင့် ဟာလာဈေးကွက်များသို့တင်ပို့မှုတိုးချဲ့ရန် ဗီယက်နမ်စိတ်ဝင်စား

                ဗီယက်နမ်သည် ကမ္ဘာ့ဟာလာဈေးကွက်သို့ဝင်ရောက်ရန် မဟာဗျူဟာမြောက်ဂိတ်တံခါး တစ်ခုဟု ရှုမြင်ထားသည့် မလေးရှားမှတစ်ဆင့် ဟာလာဈေးကွက်များသို့တင်ပို့မှုအရှိန်မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း ဟိုချီမင်းမြို့တွင် ကျင်းပခဲ့သည့် စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်နှင့် မလေးရှားကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၄.၂ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ပထမနှစ်ဝက်တွင် အပြန်အလှန်ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇.၇ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ မလေးရှား၏စားသုံးမှုအလေ့အထသည် ဗီယက်နမ် နှင့် နီးစပ်ပြီး အာဆီယံနှင့် CPTPP သဘောတူညီချက်များအောက်တွင် ကုန်သွယ်ရေးအတား အဆီးများနည်းပါးမှုကြောင့် ကြီးထွားရန်အတွက် သိသာထင်ရှားသောအခန်း ကဏ္ဍရှိနေကြောင်း တာဝန်ရှိသူများက ရှုမြင်ကြပါသည်။ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာဟာလာဈေးကွက်သည် အမေရိကန်ဒေါ်လာ ၅ ထရီလီယံထိရောက်ရှိပြီး မလေးရှား၏ ဝေစုမှာ အမေရိကန်ဒေါ်လာ ၁၁၃.၂ ဘီလီယံ ရှိရန်ခန့်မှန်းရကြောင်း သိရပါသည်။ မလေးရှားကုန်သွယ်မှုမြင့်တင်ရေးအေဂျင်စီ က ၎င်းတို့၏အဆင့်မြင့်စီးပွားရေးဝန်းကျင်ကို အသားပေးပြောကြားခဲ့ပြီး ဗီယက်နမ်လုပ်ငန်းများ အား၎င်းတို့၏ ကုန်သွယ်ရေးမိတ်ဖက် ၂၀၀ ကျော်ရှိသည့်ကွန်ယက်ကို ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရပါသည်။ အစိုးရမဟာဗျူဟာပံ့ပိုးမှုဖြင့် ဗီယက်နမ်ဟာလာလုပ်ငန်းနယ်ပယ်သည် ၂၀၃၀ ခုနှစ်တွင် ယုံကြည်စိတ်ချရသော ကမ္ဘာလုံးဆိုင်ရာဟာလာအချက်အချာဖြစ်လာရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက ဗီယက်နမ်အား အဓိကဟာလာအသိ အမှတ်ပြုသူများနှင့် အပြန်အလှန်အသိအမှတ်ပြုသဘောတူညီချက်များရယူရန်နှင့် ဟာလာစက်မှု ဇုန်များနှင့် ထောက်ပံ့ပို့ဆောင်ရေးအချက်အချာများတည်ထောင်ကာ ဗီယက်နမ်ဟာလာအသိ အမှတ်ပြုအမှတ်တံဆိပ်များတည်ထောင်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ လူသားအရင်း အမြစ်လေ့ကျင့်ရေးနှင့် တက္ကသိုလ်-စက်မှုလုပ်ငန်း အားကောင်းသောချိတ်ဆက်မှုကိုလည်း အသားပေးရမည်ဟု သိရပါသည်။ Maybank မလေးရှား၏ ဟာလာထုတ်ကုန်ညွှန်ကြားရေးမှူး Shariza Abdul Rasheed က ဗီယက်နမ်၏ဟာလာအသိအမှတ်ပြုအေဂျင်စီကို မလေးရှား အစ္စလာမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာကအသိအမှတ်ပြုသည့်အတွက် မလေးရှား၏ဖြန့်ဖြူးမှုစနစ် သို့ ဝင်ရောက်ရန် လွယ်ကူစေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများကိုလည်း အဓိကဟာလာကုန်သွယ်ရေးပွဲအခမ်းအနားများသို့ပူးပေါင်းရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ မလေးရှား၏ Salaam Market နှင့် စီးပွားရေးချိတ်ဆက်မှုပရိုဂရမ်များ အစရှိသည့် e-commerce ပလက်ဖောင်းများသည်လည်း ဗီယက်နမ်ထုတ်လုပ်သူများကို မလေးရှားမိတ်ဖက်များနှင့် ချိတ်ဆက်ကာ ၂၀၃၀ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးရည်မှန်းချက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံရရှိရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှု ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့် ဗီယက်နမ်

          ၂၀၂၅ ခုနှစ်၏ ပထမ ၇ လတာကာလတွင် ဗီယက်နမ်သည် အဝတ်အထည်နှင့်အထည် အလိပ်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၆.၃၃ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တူညီသည့် ကာလနှင့်နှိုင်းယှဉ်ပါက ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုနှစ်အတွက်ရည်မှန်း ချက် အမေရိကန်ဒေါ်လာ ၄၇-၄၈ ဘီလီယံရရှိရန်အတွက် ကဏ္ဍသည် လက်ကျန်လများတွင် လစဉ်အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်တင်ပို့နိုင်ရန်လိုအပ်ကြောင်း သိရပါသည်။ သို့သော်အဓိကဈေးကွက်ဖြစ်သည့်အမေရိကန်သို့တင်ပို့မှုမှာ အကောက်ခွန် ၂၀ ရာခိုင်နှုန်းကျော် ကြောင့် အခြားယှဉ်ပြိုင်သူများနှင့် နှိုင်းယှဉ်ပါက အခွင့်အလမ်းမသာကြောင်း သိရပါသည်။ လုပ်ငန်းနယ်ပယ်မှသူများ၏အဆိုအရ လက်ကျန်လများသည် ရှုပ်ထွေးနိုင်ကြောင်း သိရပါသည်။ ရလဒ်အနေဖြင့် တည်ငြိမ်သောလုပ်သားထုကိုထိန်းသိမ်းခြင်းသည် အဓိကဦးစားပေးဖြစ်လာနိုင် ကြောင်း သိရပါသည်။ ကုမ္ပဏီများကိုလည်း ပြန်လည်ဆန်းစစ်ရန်နှင့် မှာယူမှုအသစ်များကို ထိရောက်စွာဖြည့်စည်းနိုင်ရန်အတွက် စက်များကိုအဆင့်မြှင့်တင်ရန်တိုက်တွန်းခဲ့ကြောင်း သိရပါ သည်။ ဗီယက်နမ်အမျိုးသားအဝတ်အထည်နှင့်အထည်အလိပ်အုပ်စု၏ဥက္ကဌဖြစ်သူ Le Tien Truong က လာမည့်လများတွင် အလုပ်အကိုင်များဖန်တီးပေးရန်နှင့် လုပ်သားများအတွက် ဝင်ငွေရရှိစေရန်အတွက် ထုတ်လုပ်မှုအစီအစဉ်များကို ဉာဏ်ပညာရှိစွာချိန်ညှိမှု၏ အ‌ရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများအနေဖြင့် ယှည်ပြိုင်နိုင်စွမ်း ဆက်လက်ထိန်းသိန်းရန်အတွက် ကုန်ကျစရိတ် မြင့်တက်မှုကိုလျှော့ချခြင်းအားဖြင့် ပြောင်းလွယ် ပြင်လွယ်သောဘဏ္ဍာရေးစီမံခန့်ခွဲမှုမဟာဗျူဟာများကျင့်သုံးရန်နှင့် ယှဉ်ပြိုင်မှုမြင့်မားသော ဈေးကွက်ဝန်းကျင်တွင် မှာယူမှုများဆက်လက်ရရှိရန်အတွက် ဈေးနှုန်းများကိုချိန်ညှိရန်လိုအပ်ကြောင်း သိရပါသည်။ ထိုရည်မှန်းချက်များပြည့်မီရန်အတွက် လုပ်ငန်းများသည် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက် ၁၇ ခုအား အပြည့်အဝအခွင့်အရေးယူရန်လိုအပ်ကြောင်း သိရပါ သည်။ စီးပွားရေးလုပ်ငန်းများကိုလည်း ခေတ်မီစက်နှင့် စက်ပစ္စည်းများတွင် ရင်းနှီးမြှုပ်နှံရန်၊ လုပ်သားကျွမ်းကျင်မှုမြှင့်တင်ရန်နှင့် အစဉ်အလာလုပ်ငန်းစဉ်မှ ခေတ်မီလုပ်ငန်းစဉ်သို့ အသွင်ကူးပြောင်းရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အစိုးရကိုလည်း ခရက်ဒစ်၊ မြေနေရာ နှင့် အခြေခံအဆောက်အအုံတို့အပေါ် ပံ့ပိုးသည့်မူဝါဒများမိတ်ဆက်ပေးရန်၊ ခေတ်မီစက်မှုဇုန်များ တည်ထောင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများဆွဲဆောင်ရန်နှင့်၊ တင်သွင်းသည့်ကုန်ကြမ်းပစ္စည်းများအပေါ် မီခိုမှုကိုလျှော့ချရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်အဝတ်အထည်နှင့် အသုံး အဆောင်အသင်း၏ဥက္ကဌဖြစ်သူ Vu Duc Giang က အစဉ်အလာဈေးကွက်များကိုကာကွယ် ရန်နှင့် မိတ်ဖက်သစ်များရှာဖွေရန်အရေးပါမှုနှင့် စီးပွားရေးလုပ်ငန်းတစ်ခုခြင်းစီသည်  ထောက်ပံ့မှုကွင်း ဆက်ချိတ်ဆက်မှု အားကောင်းရန်လိုအပ်ကြောင်း အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။

Vietnam Plus

DOCA (ရန်ကုန်)                                                                            

ထိုင်းနိုင်ငံသို့ ဗီယက်နမ်၏ ရေဘဝဲနှင့် ကင်းမွန်တင်ပို့မှုမြင့်တက်

              ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်၏ ရေဘဝဲနှင့် ကင်းမွန်များ ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ ၃၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ထိုင်းဈေးကွက်သည် ဗီယက်နမ်၏ထိုထုတ်ကုန်များအတွက် အဓိကဦးတည်ရာနေရာများထဲမှတစ်ခုဖြစ်လာရန် အလားအလာကိုပြသခဲ့ကြောင်း သိရ ပါသည်။ ယခုနှစ်၏ ပထမ ၆ လတာကာလတွင် ထိုင်းနိုင်ငံသို့တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၃ သန်းတန်ဖိုးရှိခဲ့ပြီး ဗီယက်နမ်၏ စုစုပေါင်းရေဘဝဲနှင့် ကင်းမွန်တင်ပို့မှုတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရပါသည်။ ယခုနှစ်ပထမ ၃ လပတ်ကာလနှစ်ခုလုံးတွင် စံချိန်တင်ဂဏန်း ၂ လုံးကြီးထွားခဲ့ပြီး တည်ငြိမ်ပြီးဝယ်လိုအားကျယ်ပြန့်လာမှုကို ရောင်ပြန်ဟပ်ကြောင်း ဗီယက်နမ် ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏အဆိုအရ သိရပါသည်။ ကင်းမွန်တင်ပို့မှု မှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂.၅ သန်းဖြင့် အဓိကပို့ကုန်အဖြစ်ဆက်လက်တည်ရှိနေပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၃၅.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အခြောက် ခံထားသော၊ ကင်ထားသော၊ အဆင်သင့်စားသုံးနိုင်သည့်ကင်းမွန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၃၀ ကျော်ရရှိခဲ့ခြင်းဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ လတ်ဆတ်သောကင်းမွန်၊ ကင်းမွန်အရှင်နှင့် အေးခဲထားသောကင်းမွန်တင်ပို့မှုမှာ ၂၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ရေဘဝဲသည် ဝင်ငွေရရှိမှုတွင် နည်းပါးခဲ့သော်လည်း သိသာစွာကြီးထွားခဲ့ကြောင်း သိရပါသည်။ ပြုပြင်ထုတ်လုပ်ထားသော ရေဘဝဲတင်ပို့မှုမှာ ၂၅၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အခြောက်ခံ ထားသော၊ ဆားစိမ်ထားသော၊ လတ်ဆတ်သော၊  အေးခဲထားသောရေဘဝဲနှင့် ရေဘဝဲအရှင် တင်ပို့မှုမှာ ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ သိသာထင်ရှားသည့်အလားအလာ များနှင့်အတူ အနာဂတ်တွင် ထိုင်းနိုင်ငံသည် ဗီယက်နမ်၏ ရေဘဝဲနှင့် ကင်းမွန်ကဏ္ဍအတွက် အဓိကဈေးကွက်များထဲမှတစ်ခုဖြစ်လာနိုင်ကြောင်း အသင်းကပြောကြားခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဂျင်တီးနားတို့ထံမှ နည်းပါးသောဈေးနှုန်းများနှင့် တင်သွင်းသည့်အရင်းအမြစ်ကွဲပြားရန် ကြိုးပမ်းနေသောကြောင့် ယှဉ်ပြိုင်မှုဖိအားနှင့်ပတ်သတ်၍ အသင်းကသတိပေးခဲ့ကြောင်း သိရပါသည်။ ထို့ကြောင့် အသင်းက ဗီယက်နမ်လုပ်ငန်းများကို ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်ထိန်းသိမ်းရန်အတွက် ပြုပြင်ထုတ်လုပ်မှုတိုး တက်ရန်၊ အားကောင်း သောထောက်ပံ့မှုကွင်းဆက်တည်ဆောက်ရန်နှင့် အရည်အသွေးနှင့် ကုန်ကျစရိတ်လိုအပ်ချက် များ ကိုက်ညီရန်အပေါ် အဓိကအာရုံစိုက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)                                                                           

မှာယူမှုနည်းပါးခြင်းကြောင့် ထိုင်းနိုင်ငံတွင် BYD Shark ရောင်းချမှုအားဖျက်သိမ်းခဲ့

          အမှာစာများနည်းပါးမှုကြောင့်  BYD Thailand သည် Shark 6 PHEV ပစ်ကပ်ထရပ် ကားများအား မရောင်းချရန်ဆုံးဖြတ်ခဲ့ကြောင်း Autolifethailand.tv ၏ အဆိုအရသိရသည်။ ၂၀၂၅ ခုနှစ် မတ်လ International Motor Show တွင် ဘွတ်ကင်မှာယူမှုများကို စတင်ခဲ့ပြီး အစီးရေ ၅၀၀ သာမှာယူရန် ကန့်သတ်ထားသော်လည်း ၁၅၃ စီးသာအော်ဒါမှာယူထားကြောင်း သိရသည်။ ပြည်တွင်းဖြန့်ချီရေး ကုမ္ပဏီ Rever Automotive သည် ထိုအမှာစာ ၁၅၃ စောင်ကို ဖျက်သိမ်းရန်တောင်းဆိုနေပြီး ကြိုတင်မှာယူမှု အခကြေးငွေအား ကောက်ခံခြင်းမရှိကြောင်း ထိုင်းသတင်းစာမှ ဖော်ပြခဲ့သည်။ ဘတ် ၁.၇ သန်းအောက် (RM 223k) ဖြင့် Shark 6 PHEV သည် Toyota Hilux၊ Isuzu D-Max နှင့် Ford Ranger တို့၏ စျေးနှုန်းထက်များစွာမြင့်ကြောင်း သိရသည်။ BYD Auto (Thailand) အထွေထွေမန်နေဂျာ Ke Yubin မှ Autolifethailand.tv နှင့် အင်တာဗျူတွင် Shark သည် CBU China မှ တင်သွင်းသောကြောင့် အခွန် ၃၀ ရာခိုင်နှုန်းကျော် ပေးဆောင်ရသည့်အတွက် ထိုသို့စျေးနှုန်းမြင့်တက်ခြင်းဖြစ်ကြောင်း ပြော ကြားခဲ့သည်။ BYD Shark သည် အရှည် ၅၄၅၇ မီလီမီတာ၊ အကျယ် ၁၉၁၇ မီလီမီတာ၊ အရှည် ၁၉၂၅ မီလီမီတာနှင့် ၃၂၆၀ မီလီမီတာဘီတပ်ခုံတို့ပါရှိပြီး PHEV စနစ်တွင် ၁၈၄ PS/260Nm 1.5 လီတာတာဘို ဓာတ်ဆီအင်ဂျင်၊ 231 PS/310Nm အရှေ့ပိုင်းလျှပ်စစ်မော်တာ၊ 204 PS/340 Nm အနောက်ပိုင်းလျှပ်စစ်မော်တာနှင့် 29.58-kWh Blade LFP ဘတ်ထရီတို့ပါဝင်ကြောင်း သိရသည်။

Source : Xinhua

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ