နိုင်ငံတကာ အစားအစာယဉ်ကျေးမှုပွဲတော်အား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့

နိုင်ငံတကာ အချက်အပြုတ်ယဉ်ကျေးမှုပွဲတော် ၂၀၂၅ ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် စနေနေ့မှ တနင်္ဂနွေနေ့အထိ ကျင်းပခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ အချက်အပြုတ်အစား အသောက်များစွာကို ပြသခဲ့သည်။
"Trip of Flavors A Journey Across Five Continents" ဟူသောဆောင်ပုဒ်ဖြင့် ပွဲတော်ကို ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ သံတမန်ရေးရာ ဝန်ဆောင်မှုဌာနမှ နှစ်စဉ်ကျင်းပလျက်ရှိသည်။
ယခုနှစ်ကျင်းပမှုတွင် ယဉ်ကျေးမှုဖလှယ်မှု၊ နိုင်ငံတကာစည်းလုံးညီညွတ်မှုနှင့် လူသားချင်းစာနာမှုတန်ဖိုးများကို မီးမောင်းထိုးပြပြီး ပိုမိုကြီးမားသောအတိုင်းအတာဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် သံရုံး ၅၀၊ ပြည်တွင်း သံတမန်အေဂျင်စီ ၂၀၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရှစ်ခု၊ စီးပွားရေးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပြခန်းပေါင်း ၁၂၈ ခန်းတို့ ပါဝင်ခဲ့သည်။ ဧည့်သည် ၂၀,၀၀၀ နီးပါး တက်ရောက်ခဲ့ကြောင်းလည်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)









