HighLight News

Powered by Drupal

လွိုင်ကော်မြို့ အသေးစားစက်မှုလက်မှုဦးစီးဌာန၌ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့ နေ့လယ် (၁၄ : ၀၀ ) နာရီအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သမဝါယမဦးစီးဌာန၊ ပြည်နယ်စီမံကိန်းရေးဆွဲ‌ရေးဦးစီးဌာန၊ ပြည်နယ်စာသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာ များမှ သင်တန်းသူ/ သင်တန်းသား စုစုပေါင်း ၂၀ ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကအဖွင့်အမှာစကားပြောကြားရာတွင် ယခု တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်း ပညာသင်တန်းတွင် သင်ကြားပို့ချသောဆရာ/ဆရာမ သင်ကြားပို့ချသည်များကို တက် ရောက်လာသော သင်တန်းသူ/ သားများအနေဖြင့် လေ့လာ ကြိုးစားသင်ယူ သွားကြ ရန်၊ သင်တန်းသားများထဲမှ အတော်ဆုံးသူ( ၃ )ဦးအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း၊ ကြိုးစားသင်ယူပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်းများထူထောင်ပြီး လက် တွေ့အသုံးချစေသွားလိုကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆန်းဦးက သင်တန်းဖွင့်ရခြင်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(ကယား)

ဆေးဆိုင်များ၌ ဈေးကွက်စောင့်ကြည့်စစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့ နံနက် (၁၀ : ၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်း အရောင်းဆိုင်များသို့ ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်း နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ပြည်နယ်အတွင်း ရောင်းဝယ်ဖောက်ကားခြင်း၊ ဆေးများ ပြတ်လပ်ခြင်း၊ ဈေးကွက်အတွင်း၌ စပ်ဆေးများ ရောင်းချခြင်း ရှိ/ မရှိ ၊ အိမ်သုံးဆေးဝါး များရောင်းချနေသော ဆေးဆိုင်များ၌ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှု ရှိ/ မရှိ စစ်ဆေးခြင်းတို့ကို မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင် ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ ရောင်းချနေသောအိမ် သုံးဆေးဝါးများနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ရောင်း ချခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ၊ ဈေးကစားခြင်းအလိုငှာ သို့လှောင်ထားခြင်းလည်းမရှိကြောင်း၊ မိမိတို့အနေဖြင့် ဆေးများကို မန္တလေးမြို့၊ တောင်ကြီး၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသော ကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း၊ ဆေးများမှာယူရာတွင်လည်း အခက်အခဲမရှိကြောင်း၊ ရောင်းချနေသော ဆေးဝါးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/ ၂၀၁၉ ကုန် အ ညွှန်းအမှတ်အသားပါ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖော်ပြထားသော စာသားများပါကိုက်ညီမှုရှိတဲ့ ဆေးဝါးများသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။ DOCA(ကယား)

ကယားပြည်နယ် စားသုံးသူရေးရာကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်

ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ( ၂၄ )ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးရုံးခန်း၌ ပြည်နယ်စားသုံး သူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စားသုံးသူရေးရာကော်မတီ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးက အစည်းအဝေးတွင် တင်ပြထားသည့် အမှာစာများအား ဖတ်ကြားရှင်းလင်းပြီးနောက် တက်ရောက်လာသော အဖွဲ့ဝင် အသီးသီးက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ DOCA(ကယား)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း (၂/၂၀၂၅) ဖွင့်လှစ်ဆောင်ရွက်

(၂၃-၆-၂၀၂၅)ရက်နေ့မှ (၂၇-၆-၂၀၂၅)ရက်နေ့အထိ စားသုံးသူရေးရာဦးစီးဌာန၊ ကယား ပြည်နယ် ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း(၂/၂၀၂၅) ဖွင့်လှစ်ခဲ့ရာ ပြည်နယ် ဦးစီးမှူးရုံးရှိ ဝန်ထမ်း(၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ(၄)ဦးက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲပါအခန်းများ၊ ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊ သတင်း အချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာများ၊ စားသုံးသူ ကာ ကွယ်ပေးရေးအကြောင်း သိကောင်းစရာ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုနှင့်သုတေသနဌာနခွဲ ဘာ သာရပ်၊ Recall and Ban အကြောင်းသိကောင်းစရာ၊ သတင်း/ဆောင်းပါးရေးသားနည်း အကြောင်းသိကောင်းစရာ၊ ခွင့်ကိစ္စအကြောင်းသိကောင်းစရာ၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်း တာဝန်များ၊ ဝန်ထမ်းကျင့်ဝတ်၊ ကုန်အညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ၊ Online Shop အကြောင်းသိကောင်းစရာ၊ ငွေစာရင်းအကြောင်းသိကောင်းစရာနှင့် ဝန်ထမ်းမှတ်တမ်း စာအုပ် အကြောင်း သိကောင်းစရာစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပါသည်။ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်းဖွင့်လှစ်ရခြင်းမှာ ဝန်ထမ်းများအားလုံး ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အထောက်အကူဖြစ်စေရန်နှင့် ဦးစီးဌာန၏ မျှော်မှန်းချက် (vision) ၊ ရည်မှန်းချက်(Mission)များကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ DOCA(ကယား)

ပန်းတနော်မြို့ပေါ်ရှိ စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

ဓနုဖြူမြို့နယ် ရှိ စားသောက်ဆိုင်များအား ဝန်ဆောင်မှု လုပ်ငန်းများနှင့် စက်သုံးဆီ ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

ညောင်တုန်းမြို့ ပေါ်ရှိ သောက်ရေသန့်စက်ရုံများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ညောင်တုန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးTalk Show ပြုလုပ်

Pages

Subscribe to RSS - HighLight News