HighLight News

Powered by Drupal

ကျွန်းလှမြို့ရှိ “နှင်းမိုးလှိုင်” ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့်တွေ့ဆုံအသိပညာပေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံသည် ၂၀၂၄ခုနှစ်၊ မေလ(၂၃) ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင် ရပ်ကွက်ရှိ “နှင်းမိုးလှိုင်” ကိတ်နှင့် ပေါင်မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးအသိပညာပေးခဲ့ပါသည်။

     တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံက အသင့်စားသုံးရသော မုန့်ဖြစ်သည့်အတွက် ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူအကာအကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၅)၊ ပုဒ်မ(၂၈)အရ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊  အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးကော်မရှင်ကထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်ပစ္စည်းများပေါ်တွင် မြန်မာစာဖြင့် မဖြစ်မနေဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များကို ဖော်ပြထားခြင်းရှိ/မရှိ တို့အတွက် ”နှင်းမိုးလှိုင်” ကိတ်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းသည် အသင့်စားသုံးရသော မုန့်များဖြစ်သည့်အတွက်  သန့်ရှင်းမှုရှိစေရေး၊ မုန့်များထုတ်လုပ်မှုအဆင့်ဆင့်တွင်လည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်စေရေးနှင့် မုန့်များထုတ်လုပ်ရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရန်အတွက် မိမိတို့စာသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်း ထုတ်လုပ်နေသော လုပ်ငန်းရှင်များ၊ မုန့်မျိုးစုံလုပ်ငန်းများနှင့် အစားအသောက်ထုတ်လုပ်နေသည့် လုပ်ငန်းရှင်များကိုလည်း ဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြခြင်းနှင့်ပတ်သက်၍ အခမဲ့ဆောင်ရွက်ပေးနေကြောင်း စကားလက်ဆင့်ကမ်း  ကူညီဆောင်ရွက်ပေးရန်နှင့်  ဒေသထွက် ”နှင်းမိုးလှိုင်” ကိတ်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းမှ ထုတ်လုပ်နေသော အမှတ်တံဆိပ်အားစိစစ်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသေးပါသဖြင့် ပြည့်စုံအောင်ဖြည့်သွင်းကူညီဆောင်ရွက်ပေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားလျှောက်ထားရန် တိုက်တွန်းပြောကြားကာ ”နှင်းမိုးလှိုင်” ကိတ်နှင့်ပေါင်မုန့်မျိုးစုံလုပ်ငန်းမှထုတ်လုပ်သည့် လုပ်ငန်းရှင်တို့က ကုန်အညွှန်းအမှတ်အသားလျှောက်ထားခဲ့ပါသည်။ ထို့နောက် စားသုံးသူကာကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် တာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့ရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ခုနှစ်၊ မေလ(၂၇)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဆန်ဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့က အဖွဲ့စုံနှင့်ပူးပေါင်းကာ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် လက်လီရောင်းချသည့်ဆန်ဆိုင်များမှ ဈေးကွက်အတွင်းရှိဆန်အမျိုးအစားများ၊ ဆန်ဈေးနှုန်းများ၊ ဆန်လက်ကျန်အခြေအနေများ၊ မည်သည့်ဒေသများမှ ဝယ်ယူရောင်းချကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆန်အမျိုးအစားများနှင့် ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်တင်းခွဲလျှင် (၁၆၀၀၀၀)ကျပ်၊ ဧရာမင်း (အဟောင်း) တစ်တင်းခွဲလျှင် (၁၄၅၀၀၀)ကျပ်၊ မနောစင်စင်တစ်တင်းခွဲလျှင် (၁၀၀၀၀၀)ကျပ်၊ မနောသုခတစ်တင်းခွဲလျှင် (၉၀၀၀၀)ကျပ်နှင့် ဆင်းသုခတစ်တင်းခွဲလျှင် (၉၀၀၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဒေသတွင်းဆန်စက်များမှဝယ်ယူရောင်းချပြီး၊ “ရွှေဘိုပေါ်ဆန်း” ဆန်တစ်မျိုးတည်းကိုသာ ရွှေဘိုမြို့မှဝယ်ယူရောင်းချကြောင်း၊ လက်ကျန်အခြေအနေအနည်းငယ်ရှိကြောင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းမပြုလုပ်ရန်  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Solar သုံးစွဲမှုနှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အကြိုညှိနှိုင်းအစည်းအဝေးပြုလုပ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမ၌ (၂၇-၅-၂၀၂၄) ရက်နေ့တွင် Solar သုံးစွဲမှုနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲအကြိုညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများဖြစ်သော တိုင်းရေအရင်းအမြစ်၊ တိုင်းလျှပ်စစ်၊ တိုင်းရေနံ၊ တိုင်းအလုပ်ညွှန်ရောင်းချသည့် လုပ်ငန်းရှင်များဖြစ်သည့် လွင်အီလက်ထရောနစ်၊ သစ်ဆန်းအီလက်ထရောနစ်အရောင်းဆိုင်များနှင့် User (၂) ဦး၊ စုစုပေါင်း (  ၁၅   ) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

        ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက  နေရောင်းခြည်မှရရှိသော စွမ်းအင်ကို လျှပ်စစ်စွမ်းအင်သို့ပြောင်းလဲပေးသည့် Solar photovoltaic System သည့် နိုင်ငံတကာတွင် ပိုမိုတွင်ကျယ်စွာအသုံးပြုလာပြီး မြန်မာနိုင်ငံတွင်လည်း ကျေးလက်၊ မြို့ပြမကျန် သုံးစွဲမှုများလာ သည့်အတွက် နေရောင်ခြည်ရရှိသော မည်သည့်နေရာတွင်မဆို ဆိုလာအသုံးပြု၍ လျှစ်စစ်ထုတ်လုပ်နိုင်သည့်အတွက် လျှပ်စစ်လုံးဝမရရှိသေးသော နေရာဒေသများနှင့် လျှပ်စစ်ဓာတ်အားရရှိမှုနည်းသော နေရာဒေသများတွင် လွယ်ကူစွာတပ်ဆင်အသုံးပြုနေကြပြီဖြစ်ကြောင်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်များကို သုံးစွဲသည့် စားသုံးသူပြည်သူများအနေဖြင့် Solar သုံးစွဲမှုနှင့်ပတ်သက်၍  အခြားအိမ်သုံးလျှပ်စစ်ပစ္စည်းများကဲ့သို့ ထုတ်ကုန်အရည်အသွေးစံချိန်စံညွှန်းများနှင့် တပ်ဆင်ပေးသူများကြောင့် မိမိတို့၏ လိုအပ်ချက်နှင့်မကိုက်ညီဘဲ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအစည်းအဝေး (၁/၂၀၂၄) တွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုးခေါင်းစဉ်အောက်တွင် ဆိုလာဆက်စပ်ပစ္စည်းနှင့် တပ်ဆင်ခြင်းဝန်ဆောင်မှုများထည့်သွင်း၍ ဈေးကွက်စောင့်ကြည့်ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း၊  စားသုံးသူ (ဆိုလာစွမ်းအင်အသုံးပြုသူ)များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ထိခိုက်နစ်နာမှုမရှိစေရေး အကြိုအလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြီး ဆွေးနွေးဖော်ထုတ်ချက်များမှရရှိသော အချက်များကိုအခြေခံ၍ SOP ရေးဆွဲပညာပေးရန်နှင့် ကွင်းဆင်းစစ်ဆေးနိုင်ရန်အတွက်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

         ဆက်လက်၍ သက်ဆိုင်ရာဌာနများက  ဆိုလာစနစ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနအလိုက်  ကြီးကြပ်ထိန်းကျောင်းဆောင်ရွက်မှုအခြေအနေ၊ အမိန့်၊ ညွှန်ကြားချက်များထုတ်ပြန်ထားမှုအခြေအနေ၊ ရောင်းချသူများနှင့် ဝယ်ယူအသုံးပြုသူများ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြပြီး  ရောင်းချသည့် လုပ်ငန်းရှင်များ/ Installer များက ဆိုလာအမျိုးအစားများ၊ ဈေးနှုန်းနှင့် အာမခံပေးမှုအခြေအနေ၊ ကျွမ်းကျင်သည့် အရောင်းဝန်ထမ်းခန့်အပ်ထားမှုအခြေအနေ၊ ရောင်းချမှုပုံစံ၊ ဆိုလာတပ်ဆင်ပေးသည့်ဝန်ဆောင်မှု၊ ဝယ်ယူသူလိုက်နာရမည့် အကြောင်းအရာများ (သို့) User Guide  ပေးသည့် အခြေအနေ၊ ဆိုလာတပ်ဆင်သူများ သိရှိတတ်မြောက်ထားရမည့် အရည်အချင်း/ ကျွမ်းကျင်မှုများများအကြောင်းကို အကျယ်တဝင့်ရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာကျင်းပခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၂၃-၅-၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရန်လိုအပ်ကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၅/၂၀၂၄)လအတွင်း စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့မှုများ

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် “စားသုံးသူအခွင့်အရေးဦးစားပေး” ဆိုသည့်အတိုင်း စားသုံးသူပြည်သူများသည် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများရရှိစေရန် ကျောင်း၊ ဈေး၊ ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများ၊ တက္ကသိုလ်/ ကောလိပ်များ၊ တပ်ရင်းတပ်ဖွဲ့များကို စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲများဆောင်ရွက်ခြင်း၊ ဈေးကွက်အတွင်းစားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်မရောက်မီနှင့် ဈေးကွက်ရောက်ပြီးသောကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ စားသုံးသူများ၏အခွင့်အရေး (၈)ချက်အနက် ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများနှင့် လိုအပ်သောအချက်အလက်များကိုသိရှိလေ့လာနိုင်ရန်၊ နစ်နာဆုံးရှုံးမှုများကိုရှင်းလင်းတင်ပြနိုင်ရန်၊ တိုင်ကြားနိုင်ခြင်းကိုသိရှိစေရန်ရည်ရွယ်၍ ရွှေဘိုမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းများကိုသိရှိလေ့လာနိုင်စေရန် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၄ခုနှစ်၊ မေလအတွင်း စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ (၁) ကြိမ်ဆောင်ရွက်ခဲ့ပါ သည်။

    (၂၄-၅-၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အကျဉ်းဦးစီးဌာနတွင် ဝန်ထမ်းနှင့် မိသားစု (၅၀)ဦးအား  စားသုံးသူကာကွယ်ရေးဥပဒေနှင့် စားသုံးသူများသည် ကုန်စည်နှင့်ဝန်ဆောင်မှုများသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုများရှိလျှင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင် (၅၀) စောင်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင် (၅/၂၀၂၄)လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်မှု အခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ၂၀၂၄ခုနှစ်၊ မေလအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံခြင်းအား (၅)  ကြိမ်ဆောင်ရွက်ခဲ့ပါသည်။

     (၁၄-၅-၂၀၂၄)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မေခဆေးရုံလုပ်ငန်းရှင်၊ (၁၄-၅-၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အောင်မြေဆေးရုံလုပ်ငန်းရှင်၊ (၁၅-၅-၂၀၂၄) ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ ပစ်တိုင်းထောင်မုန့်နှင့်ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်၊ (၂၁-၅-၂၀၂၄)  ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ အေးမေတ္တာဆန်စက်၊ ဆန်နှင့် စားသုံးဆီအမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (၂၃-၅-၂၀၂၄)ရက်နေ့တွင် ရွှေဘိုမြို့၊ အမှတ်(၅) ရပ်ကွက်ရှိ TK ကုန်မျိုးစုံလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး စုစုပေါင်းစီးပွားရေးလုပ်ငန်းရှင် (၅) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ညောင်တုန်းမြို့ပေါ်ရှိ ကလေးအသုံးအဆောင်ပစ္စည်းရောင်းချနေသော စတိုးဆိုင်များမှ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို (၂၄-၅-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့မ၊ မြို့မဈေးကြီးအတွင်းနှင့် မြို့ပေါ်ရှိ ကလေးအဟာရဖြည့်စွက်စာအရောင်းဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးရာ နို့စို့ကလေးနှင့် ကလေးငယ်များအား မိခင်နို့ရည်တိုက်ကျွေးခြင်းကိုအထောက်အကူပြုရန်၊ မိခင်နို့ရည်အစားထိုးအစာများကို အမှန်တကယ်လိုအပ်ချိန်တွင် အာဟာရပြည့်မီစွာ/ ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်စေရန်၊ သင့်လျော်သည့်ဖြည့်စွက်စာကို တိုက်ကျွေးတတ်စေရန်နှင့် မှန်ကန်သည့်သတင်းအချက်အလက်များကို ပြည်သူလူထုသိရှိကျင့်သုံးနိုင်စေရန်တို့ ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြပြီး၊ ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်း  ရောင်းချနေကြောင်းစစ်ဆေးတွေ့ရှိရပါသည်။  စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ) နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသည့် ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချရန် ဆိုင်ရှင်များအား ပညာပေးပြောကြားခဲ့ကြောင်းသိရသည်။

   အလားတူပင် ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူဝန်ထမ်းများသည်လည်း မိတ်ဖက်ဌာများနှင့်အတူ  ပန်းတနော်မြို့ဈေးကွက်‌ရောက်ကုန်စည်များဖြစ်သော ကလေးအဟာရဖြည့်စွက်စာနှင့် တစ်ကိုယ်ရေသုံးပစ္စည်းအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ခြင်းရှိ/မရှိနှင့် သက်ဆိုင်ရာဌာနတို့၏ ခွင့်ပြုချက်ထောက်ခံချက်များပါဝင်မှုရှိ/မရှိကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်ရောက်ကုန်စည် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၃-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် မအူပင်မြို့  ကမ်းနားလမ်း၊ အမှတ် ၁ရပ်ကွက်ရှိ ကလေးအသုံးအဆောင်အရောင်းဆိုင် (၅)ဆိုင်အား  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင်စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့်စပ်လျဥ်း၍ မအူပင်မြို့ဈေးကွက်အတွင်းနှင့် အနီးပတ်ဝန်ကျင်ရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုစနစ်တကျဖြစ်စေရန်နှင့် ထိရောက်မှုရှိစေရန်တို့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား ၁၀မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရပါသည်။

      အလားတူ ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်မှတာဝန်သူများသည် မိတ်ဖက်ဌာနများနှင့်အတူ ဓနုဖြူမြို့နယ်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးရောင်းချနေသောဆိုင်များရှိ ကလေးဖြည့်စွက်အာဟာရမှုန့်ဘူးသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကိုက်ညီမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ 

       ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

တောင်ကြီးမြို့တွင်“စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ” Talk Show ဆွေးနွေးပြုလုပ်

    စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ဝေဝေနှင်း (လက်ထောက်ညွှန်ကြားရေးမှူး) သည် (၁၇-၅-၂၀၂၄) ရက်နေ့တွင် တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

   အဆိုပါဆွေးနွေးပွဲတွင် တောင်ကြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မင်းထွန်းက Talk Show အစီအစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ဝေဝေနှင်း (လက်ထောက်ညွှန်ကြားရေးမှူး) က  စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုပြီး နစ်နာဆုံးရှုံးမှုများပေါ်ပေါက်လာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ညောင်ရွှေမြို့၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး (အောင်ပန်း) မှခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ မေလ ၂၄ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ညောင်ရွှေမြို့၊ မင်္ဂလာဈေး၌ ဈေးသူဈေးသားများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း၊ ဈေးအတွင်း ဈေးကွက်စစ်ဆေးခြင်းဆောင်ရွက်ကြောင်းသိရှိရပါသည်။

    အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးမြင့်နိုင်က စားသုံးသူကာကွယ်‌ရေးဥပဒေ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအချက်အလက်များ၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့်အကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News