HighLight News

Powered by Drupal

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ Talk Show ပြုလုပ်

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်သည် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ အောက်တိုဘာလ ၁၅ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအကြောင်းသိကောင်းစရာများကို အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေး Talk Show တွင် ခရိုင်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းတင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် ဆက်စပ်နေသော အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအကြောင်း ပထမဦးစွာ ပြောကြားလိုကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၁၂ခုနှစ်၊ ဩဂုတ်လ ၁၀ရက်နေ့ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၃ဖြင့်ပြဋ္ဌာန်းခဲ့ရာ အခန်း ၅ခန်းနှင့် ပုဒ်မ၁၂ခုပါရှိကြောင်း၊ အခန်း ၁ အမည်နှင့်အဓိပ္ပါယ်ဖော်ပြချက်တွင် အရေးကြီးကုန်စည်ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာနတစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော သက်ရှိကုန်စည်တစ်မျိုးမျိုးကိုဆိုသည်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားကြောင်း၊ အရေးကြီးဝန်ဆောင်မှုဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာနတစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော ဝန်ဆောင်မှုတစ်မျိုးမျိုးကို ဆိုသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ၁၁၊ ပုဒ်မခွဲ(ခ)အရ အွန်းလိုင်စနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်ခွင့်ကို ကုန်သွယ်ရေးဦးစီးဌာနအား ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ အမိန့်ကြော်ငြာစာ(၄၉/၂၀၂၃)ဖြင့် အပ်နှင်းခဲ့ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၄၊ ပုဒ်မခွဲ (ဂ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ထုတ်ပြန်ခဲ့ပြီး၊ ၎င်အမိန့်တွင် မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဟု ပြဋ္ဌာန်းခဲ့ကြောင်းပြောကြားခဲ့ပါသည်။ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၂၁ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၅၁/၂၀၂၃)ဖြင့်ထုတ်ပြန်ခဲ့ကြောင်း၊ ၎င်းအမိန့်ကြော်ငြာစာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လိုသူသည် ဦးစီးဌာနက သတ်မှတ်သော လျှောက်လွှာပုံစံတွင်ဖြည့်သွင်း၍ အွန်လိုင်းစနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ကြေးနှင့် အွန်လိုင်းဝန်ဆောင်ခကို ဦးစီးဌာနကသတ်မှတ်သည့် ဒီဂျစ်တယ်ငွေပေးချေမှုဖြင့် ပေးရမည်ဖြစ်ပြီး၊ အွန်လိုင်းမှတစ်ဆင့် မှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်၏သက်တမ်းသည် စတင်ထုတ်ပေးသည့်နေ့ရက်မှ နှစ်နှစ်တိတိပြည့်မြောက်သည့်နေ့အထိဖြစ်ပြီး၊ မှတ်ပုံတင်လက်မှတ်၏ သက်တမ်းမကုန်မီ ရက်ပေါင်း ၆၀ကြိုတင်၍ မှတ်ပုံတင်လက်မှတ်သက်တမ်းတိုးလျှောက်ထားရမည်ဖြစ်ကြောင်း၊ သက်တမ်းတိုးလျှောက်ထားခြင်းမရှိပါက မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးသည့်နေ့ရက်တွင် အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅အရ အနည်းဆုံးထောင်ဒဏ် ၆လမှ အများဆုံးထောင်ဒဏ် ၃နှစ်ထိချမှတ်နိုင်သည့်အပြင် ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားကြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။ DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးရုံးနှင့် ဝန်ထမ်း (၃)ဦးတို့သည် (၁၅-၁၀-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/ မရှိကိုစစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

တိုက်ကြီးမြို့နယ်သို့ စားအုန်းဆီခွဲတမ်းရရှိမှု၊ ဖြန့်ဝေမှုများအားစိစစ်ခြင်း

ဈေးကွက်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Pages

Subscribe to RSS - HighLight News