ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆောင်ရွက်
ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မေလ(၂)ရက်နေ့ နံနက်(၁၀:၃၀)နာရီတွင် စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၇)ဦးတို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်တာဝန်ခံက ဟင်းသီးဟင်းရွက်ဆီ( Vegetable Oil, Cooking Oil ) နှင့်စပ်လျဉ်း၍ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်များအရ ဈေးကွက်အတွင်းစားသုံးဆီများအနက် အချို့သောစားသုံးဆီများကို ဟင်းသီးဟင်းရွက်ဆီ(Vegetable Oil, Cooking Oil ) ဖော်ပြပြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စိစစ်တွေ့ရှိရ၍ အဆိုပါကုန်စည်၏ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များကို စားသုံးသူများထင်ယောင်ထင်မှားမဖြစ်စေရေးနှင့် အခြေခံလိုအပ်ချက်အပေါ်တွင် စိတ်ကျေနပ်မှုရှိစေရေးတို့အတွက် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏အမျိုးအမည်နှင့် အသားတင်အလေးချိန်ယူနစ် တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြထားရန် (၁၈.၁၂.၂၀၂၂) နေ့ကြေးမုံသတင်းစာတွင် စတင်ထုတ်ပြန်ထားပြီး (၆) လပြည့်ပြီးသည့်နေ့ရက်မှ စတင်အာဏာသက်ရောက်မည်ဖြစ်ကြောင်းနှင့် ပြည်ပမှ တင်သွင်းထားသည့် စားသုံးဆီများဖြန့်ဖြူးသယ်ယူပို့ဆောင်ခြင်း ညွှန်ကြားချက်အရလည်း ရန်ကုန်မြို့ ဆီသိုလှောင်ရုံခန်းများမှ လက်ကားဖြန့်ချီခြင်းလုပ်ငန်းစဉ်ကို (၂၀၂၂)ခုနှစ်မေလ(၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအနေဖြင့် ရန်ကုန်ဆီသိုလှောင်ကန်များမှ ဆီများကိုလာရောက်ထုတ်ယူရာတွင် သတ်မှတ်ထားသည့်အဝါရောင် ပေပါအသစ် (သို့မဟုတ်) သန့်စင်ပြီးအဝါရောင်ပေပါများဖြင့် ထုတ်ယူခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာချက်ကို ဒေသတွင်းဆီလုပ်ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆွေးနွေးပြောကြားခဲ့ပါသည်။
ထိုနောက် တက်ရောက်လာသူများမှ သိလိုသည်များမေးမြန်းမှုအပေါ် မြို့နယ်တာဝန်ခံက ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)