HighLight News

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ

   စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များသည် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်နိုင်စေရန်တို့အတွက် တိုင်း/ခရိုင်/မြို့နယ်အလိုက် စားသုံးသူကာကွယ်ရေးအသိပညာပေးလုပ်ငန်းများ၊ စားသုံးသူတိုင်ကြားမှုဖြေရှင်းခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ခုနှစ်၊ ‌မေလအတွင်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာမြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင်လည်းကောင်း၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကလေးဝမြို့နယ်တာဝန်ခံက ကလေးဝမြို့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင်လည်းကောင်း၊ ဟုမ္မလင်းမြို့နယ်တာဝန်ခံက ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ ရပ်ကွက်နေသူများအားလည်းကောင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးက ကန့်ဘလူမြို့၊ ခရိုင်စက်မှုလယ်ယာဦးစီးဌာနတွင်လည်းကောင်း၊ ကျွန်းလှမြို့နယ်တာဝန်ခံက ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “MO” သောက်ရေသန့်စက်ရုံမှ စက်ရုံအလုပ်သမားများအားလည်းကောင်း၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စစ်ကိုင်းမြို့၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင်လည်းကောင်း၊ စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ မုံရွာမြို့နယ်တာဝန်ခံရုံးမှ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသားများအားလည်းကောင်း၊ “Talk Show” အစီအစဉ်ပြုလုပ်၍လည်းကောင်း၊ မုံရွာမြို့၊ ရက်ကန်းနှင့်သက်မွေးပညာသင်တန်းကျောင်းတွင်လည်းကောင်း၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရွှေဘိုမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရှိ လူသုံးကုန်ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသားများအားလည်းကောင်း စုစုပေါင်း (၁၃)ကြိမ် အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ ဌာန၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည့် စားသုံးသူတိုင်ကြားမှုဖြစ်စဉ်များကို အသိပညာပေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

      လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးမှုများကိုလည်း တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် (၁)ကြိမ်၊ ကလေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ ကသာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃)ကြိမ်၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၅)ကြိမ်၊ မုံရွာမြို့နယ်တာဝန်ခံရုံးအနေဖြင့် (၂)ကြိမ်၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၂)ကြိမ်၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၄)ကြိမ်၊ စုစုပေါင်း (၂၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သောသတင်းအချက်အလက်များပြည့်စုံစွာဖော်ပြပေးရန်၊ စီးပွားရေးလုပ်ငန်းများကိုလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေးအသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသောကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချစေရေး ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သောလက်ကမ်းစာစောင်များ၊ စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်များဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ မေလအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ ပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိစေရေးအခြေအနေတို့နှင့်စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

     ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိကို စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာ မြို့နယ်/ခရိုင်/တိုင်းရှိ စားသုံးသူရေးရာဦးစီးဌာနများမှတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသားတင်ပြလျှောက်ထားမှုနှင့်စပ်လျဥ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ်ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီကုန်စည်များအား သွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် ၂၀၂၃ခုနှစ်၊ မေလတွင် ဆီစက်လုပ်ငန်းရှင်၊ စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ မုန့်လုပ်လုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ ရေသန့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းကို (၂၃)ကြိမ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်၊ မေလအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှုရှိစေရေးအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် လစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

    ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှ ဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၃ခုနှစ်၊ မေလတွင် ဈေးကွက်အတွင်း ရောင်းချနေသောစားသောက်ကုန်များနှင့် လူသုံးကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို အကြိမ် (၃၀) ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် သောက်ရေသန့်၊ အချိုရည်၊ စားသုံးဆီ၊ အသင့်စားမုန့်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ အသားနှင့်အသားထွက်ပစ္စည်းအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ စည်သွပ်အစားအစာအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ မှတ်ပုံတင်ခြင်းမရှိသောဆေးဝါးများ၊ အလှကုန်ပစ္စည်း၊ ခွင့်ပြုချက်မပါသောစားသောက်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့်  ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာန၏ဥပဒေနှင့်ကိုက်ညီမှုရှိ/မရှိအား စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များရှိ/မရှိစစ်ဆေးခဲ့ကာ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန်မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရန် အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)   

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်ဈေးကွက်အား စုံစမ်း

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုအောက်ရှိ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများသို့ နေ့စဉ် ကြက်/ဘဲများကို လက်လီ/လက်ကားရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉-၅-၂၀၂၃) ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်သို့သွားရောက်၍ ရောင်းချလျက်ရှိသောကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းများစုံစမ်းခြင်းများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ခြံဖမ်းဈေးစနစ်ဖြင့်လည်းကောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များမှ အရောက်ပို့စနစ်ဖြင့်လည်းကောင်း တင်ပို့ရောင်းချလျက်ရှိပါသည်။

  ထိုသို့ပြန်လည်ရောင်းချလျက်ရှိသောကြက်/ဘဲဈေးနှုန်းများမှာ အိမ်မွေးကြက်၁ပိဿာလျှင် (၁၃၀၀၀/၁၄၀၀၀) ကျပ်၊ အသားတိုးကြက်၁ပိဿာလျှင် (၇၁၀၀/၇၂၀၀) ကျပ်၊ မွေးမြူရေးကြက်(ထီး/မ)၁ပိဿာလျှင် (၈၅၀၀/၁၀၀၀၀) ကျပ်၊ ဘဲ၁ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီဘဲ၁ပိဿာလျှင် (၉၀၀၀) ကျပ်တို့ဖြင့် ‌ရောင်းချလျက်ရှိကြောင်းနှင့် တစ်ရက်လျှင် ကုန်ချိန် (၇၅၅၀၀) ပိဿာခန့်ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

         

 

တောင်ဒဂုံမြို့နယ်၊ အမှတ်(၂)ဈေး၌ စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောပွဲကျင်းပ

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ အမှတ်(၂) ဈေး၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

      အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(ဒု-ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေ  ၂၀၁၉ပါ ရည်ရွယ်ချက်၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ မိမိတို့ဦးစီးဌာနအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုလုံခြုံစိတ်ချရမှုရှိစေရေးအတွက် သက်ဆိုင်ရာအစိုးရဌာနများပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုနှင့် အငြင်းပွားမှုများရှိပါက လူကိုယ်တိုင်သော်လည်းကောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းတစ်ခုခုဖြင့်သော်လည်းကောင်း၊  သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ သက်သေခံအထောက်အထားနှင့်တကွ တိုင်ကြားနိုင်ကြောင်းနှင့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကို အသေးစိတ်ရှင်းလင်းပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲအား နေ့လယ် (၁ဝ:၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၁၈) ဦးခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေး၌ စားသုံးသူကာကွယ်ရေးအကြောင်း ဟောပြောပွဲပြုလုပ်

      စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃၀-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁ဝ:၃၀) နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ ဗဟိုရ်စည်ဈေး၌ ဈေးသူ/ဈေးသားများကို စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) က စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉တွင် အခန်း၂၅ခန်းနှင့် ပုဒ်မ၈၄ခုရှိပါကြောင်း၊ အခန်း(၂)ပါ ဥပဒေ၏ရည်ရွယ်ချက်များအကြောင်း၊ အခန်း(၅)ပါ ဦးစီးဌာန၏လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာဝန်များအကြောင်း၊ အခန်း(၉)ရှိ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဈေးအတွင်းရှိ ဈေးရောင်းချသူများဘက်မှကြည့်လျှင် စီးပွားရေးလုပ်ငန်းရှင်ဟု ယူဆ၍ရသောကြောင့် မိမိဆိုင်တင်ရောင်းချသောကုန်စည်နှင့်ပတ်သက်၍ အရည်အသွေး၊ အချိန်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချစေခြင်း၊ ဟင်းသီးဟင်းရွက်ဆီများကိုရောင်းချရာတွင် ကုန်စည်၏အမျိုးအမည်ကိုဖော်ပြရာ၌ (ဟင်းသီးဟင်းရွက်ဆီ) စားအုန်းဆီ/အဆင့်မြင့်စားအုန်းဆီဟု ရေးထားသောဆီဘူးများကိုသာ ဝယ်ယူရောင်းချစေလိုကြောင်းနှင့် ဥပဒေပါ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းတို့ကိုပါ အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့ကာ ဟောပြောပွဲကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပြီး ဟောပြောပွဲတက်ရောက်သူ (၂၀) ဦးခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စိတ်ချယုံကြည်စွာသုံးစွဲရေး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်းဖို့ အသိပညာပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်းများအဖွဲ့သည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသည့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား သိရှိလိုက်နာဆောင်ရွက်တတ်လာစေရန်၊ စားသုံးသူများအနေဖြင့် ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် စိတ်ချယုံကြည်မှုရရှိလာစေရန်ရည်ရွယ်၍ (၂၅-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဒေသတွင်းထုတ်လုပ်လျက်ရှိသော အာလူးကြော်၊ အသားတုကြော်၊ ပဲကြီးလှော်၊ ပြောင်းဖူးပွင့်လှော်လုပ်ငန်းရှင်များသို့သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာတွင် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်(၂/၂၀၁၉)ပါ ကုန်စည်အုပ်စုအမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ထည့်သွင်းရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း သိရှိလိုက်နာစေရန်ဆွေးနွေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်မှုရှိ/မရှိကို မိမိတို့ဌာနသို့ တင်ပြစိစစ်လျှောက်ထားနိုင်ပါကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည် (သို့)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက နစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိမှုများအကြောင်း၊ တိုင်ကြားခြင်းနှင့်ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် နေရာများအကြောင်း၊ စားသုံသူရေးရာကိစ္စများစုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (1535)ဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူရေးရာဦးစီးဌာန၏ရည်မှန်းချက်ဖြစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ယခုကဲ့သို့ အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူများက စားသောက်ကုန်တစ်ခုခုကိုရွေးချယ်ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြမှုမှာ  အရေးကြီးသော အခန်းကဏ္ဍတွင်ရှိကြောင်း၊ ပြည့်စုံစွာထည့်သွင်းဖော်ပြခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူများအပေါ် စေတနာထား၍ ထုတ်လုပ်လျက်ရှိပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည်ကိုသိရှိလာပြီး မိမိတို့အတွက်လည်း အကျိုးစီးပွားများပိုမိုအောင်မြင်ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း၊ စားသုံးသူများအနေဖြင့်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ချောက်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောက်မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် ချောက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီဆိုင်များအား (၂၃-၅-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်၍ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီများလုံလောက်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ချောက်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင် ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများကိုလည်း ဖော်ပြပေးရန်၊ အခြင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပေပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရန်၊ ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရန်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ချောက်မြို့နယ်အတွင်း စက်သုံးဆီဆိုင်(၁၅)ဆိုင်မှာ ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြပြီး ၂၀၂၃ခုနှစ်၊ မေလ (ဒုတိယပတ်)၌ စက်သုံးဆီစျေးနှုန်းများမှာ  92 (၁)လီတာလျှင် ကျပ်(၁၉၄၅)၊ 95 (၁)လီတာလျှင် ကျပ်(၂၀၃၅)၊ ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၁၈၉၅)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ကျပ်(၂၀၂၀)ဖြစ်ပြီး မေလ(တတိယပတ်)တွင် 92 (၁)လီတာလျှင် ကျပ်(၂၀၃၀)၊ 95(၁)လီတာလျှင် ကျပ်(၂၁၂၀)၊  ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၁၉၃၅)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် ကျပ်(၂၀၁၅)ဖြစ်၍ ဒုတိယအပတ်နှင့် တတိယအပတ်တို့နှိုင်းယှဉ်ကြည့်ပါက 92(၁)လီတာလျှင် ကျပ်(၈၅)၊ 95(၁)လီတာလျှင် ကျပ်(၈၅)၊  ဒီဇယ်(ရိုးရိုး)(၁)လီတာလျှင် ကျပ်(၄၀)၊ ဒီဇယ်(ပရီမီယမ်)(၁)လီတာလျှင် (၅)ကျပ် စသည်ဖြင့် အသီးသီးစျေးနှုန်းများမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သိရှိရပါသည်။

DOCA(မကွေး)

 

မအူပင်မြို့၊ မဈေးကြီးအတွင်း ရောင်းချနေသောအလှကုန်ဆိုင်များမှ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ခရိုင်ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၂၅-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မအူပင်မြို့၊ မြို့မဈေးအတွင်းရှိ အလှကုန်အရောင်းဆိုင်(၅)ဆိုင်သို့သွားရောက်၍ ကောင်းမွန်သော အလှကုန်များရောင်းချမှုနှင့် ကုန်အညွှန်းအမှတ်အသားပြည်စုံစွာပါဝင်မှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး ဦးအောင်ဇော်ဦးက မအူပင်မြို့၊ မြို့မဈေးကွက်အတွင်း ရောင်းချနေသောဆေးဝါးများ၊ စိုက်ပျိုးရေးသုံးမျိုးစေ့နှင့် ဓာတ်မြေဩဇာများ၊ စားသောက်ကုန်များ၊ အလှကုန်များကို ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ လစဉ် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း၊ ယခုအခါ အလှကုန်ပစ္စည်များ၏ အညွှန်းအမှတ်အသားဖော်ပြချက် (label) တွင် အလှကုန်ပစ္စည်းဓာတုများနှင့် ဆိုးကျိုးများ၊ အလှကုန်ပစ္စည်း၏ဘေးထွက်ဆိုးကျိုးများ၊ အသားအရေအတွက်အန္တရာယ်ရှိသောအလှကုန်များနှင့်ပတ်သက်၍ သိရှိနားလည်ဖတ်ရှုရွေးချယ်ဝယ်ယူအသုံးပြုနိုင်စေရန် သက်ဆိုင်ရာဌာနတို့၏သတ်မှတ်ထားသည့်  မြန်မာဘာသာဖော်ပြချက်ပါဝင်သောအလှကုန်များကိုရောင်းချရန် လုပ်ငန်းရှင်များကလည်း သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ရန်၊ မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ထောက်ခံချက်၊ ခွင့်ပြုချက်ပါဝင်သောအလှကုန်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သက်မှတ်ချက်များပါဝင်သောအလှကုန်များကိုသာရောင်းချရန်၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေမည့်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များပါဝင်မှုမရှိသော ကုန်ပစ္စည်းများရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရလည်း အရေးယူခံရနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမတွင် Talk Show အစီအစဉ်ဆောင်ရွက်

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် (၂၅-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

 အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဥပဒေနှင့်ရည်ရွယ်ချက်အကြောင်းကို ရှင်းလင်းပေးပါရန်တင်ပြလာ၍  မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက စားသုံးသူကာကွယ်ရေးဥပဒေ၏ရည်ရွယ်ချက်(၈)ချက်ရှိကြောင်း၊ အမှတ်စဉ်(က)အရ စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိနိုင်စေရန်၊ (ခ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်စေရန်၊ (ဂ) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန် ရှင်းလင်းသည့်သတင်းအချက်အလက်များဖြန့်ဝေအသိပေးခြင်းကို ဆောင်ရွက်နိုင်စေရန်၊ (ဃ) စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သောအရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ (င) စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်ဘက်ကလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ (စ) စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောနစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန်၊ (ဆ) စားသုံးသူကာကွယ်ရေးဆိုင်ရာအသင်းအဖွဲ့များပေါ်ပေါက်လာစေရေးအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ထိန်းကျောင်းမှုများဆောင်ရွက်ပေးနိုင်ရန်နှင့် ယင်းအဖွဲ့များ အားကောင်းခိုင်မာမှုရှိစေရေးအတွက် အပြန်အလှန်ပူးပေါင်းကူညီဆောင်ရွက်ရန်၊ (ဇ) စားသုံးသူတို့ကို ဘေးအန္တရာယ်ဖြစ်စေသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးမှုများလုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ဆက်လက်၍ စားသုံးသူများနစ်နာဆုံးရှုံးမှုများနှင့်ကြုံတွေ့ရသည့်အခါ တိုင်ကြားနိုင်သည့်နည်းလမ်းများကို ပြည်သူများသိရှိနိုင်ရန်အတွက် ရှင်းလင်းပေးရန်မေးမြန်းလာသဖြင့် စားသုံးသူများနစ်နာဆုံးရှုံးမှုကြုံတွေ့ရသည့်အခါ တိုင်ကြားနိုင်တဲ့နည်းလမ်းများမှာ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်လှုပ်ရှားမှုများကို doca.gov.mm website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center (1535) သို့တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Facebook Page၊ Play Store တွင် Mobile App၊ Download ရယူပြီး တိုင်ကြားနိုင်ကြောင်း၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အသီးသီးတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ဖွင့်လှစ်ထားပြီး လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မည်သည့်အခြေအနေမျိုးတွင် တိုင်ကြားရမည်လဲဟု မေးမြန်းရာ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ဂုဏ်သိက္ခာဖြစ်စေ၊ အမည်ဂုဏ်သတင်းပိုင်ဆိုင်မှုတစ်ရပ်ရပ်ကိုဖြစ်စေ၊ ဥပဒေနှင့်မညီသည့် ထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ပါကြောင်း ပြည်သူများသိရှိရန် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖြည့်စွက်ပြောကြားရန်ရှိပါက ပြောကြားပေးစေလိုကြောင်း၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက ဖြည်စွက်ပြောကြားရမည်ဆိုလျှင် ပြည်သူတိုင်းသည် စားသုံးသူဖြစ်သဖြင့် စားသုံးသူတိုင်းသည်လည်း ပြည်သူဖြစ်ကြောင်း၊ ယခုခေတ်ကာလအနေဖြင့် ပြည်သူများသည် အင်တာနက်အသုံးများလာ၍ Online Shop ကုန်စည် ဝယ်မှုများလာကြပြီး ကြော်ငြာထားသောကုန်စည်များမှာ အမှန်တကယ်မှာယူသည့်အခါ  ကုန်ပစ္စည်းအရည်အသွေးကွဲလွဲနေ၍ Online Shop ပစ္စည်းများကို အထူးသတိပြု၍ ဝယ်ယူအသုံးပြုကြပါရန် သတိပေးပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News