HighLight News

Powered by Drupal

သရက်မြို့နယ်၊ မြင်ဘာခြံကျေးရွာရှိ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံစိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံ၍ ကွင်းဆင်းလေ့လာ

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးအုန်းမြင့်(ဦးစီးမှူး)နှင့်အဖွဲ့သည် (၄-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သရက်မြို့နယ်၊ ထုံးတောင်အုပ်စု၊ မြင်ဘာကျေးရွာရှိ ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံတို့အား စိုက်ပျိုးသည့်တောင်သူများနှင့်သွားရောက်တွေ့ဆုံ၍ စိုက်ပျိုးထွက်ရှိမှုအခြေအနေများအား ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

     မြင်ဘာကျေးရွာရှိ တောင်သူများအနေဖြင့် ကြက်သွန်နီ၊ နှမ်းနှင့် ပဲမျိုးစုံသီးနှံများကို နှစ်စဉ် စိုက်ပျိုးကြကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးမှုကုန်ကျစရိတ်မှာ ကြက်သွန်နီ(၁)ဧကလျှင် ကျပ် (၉၅၀၀၀၀) မှ ကျပ် (၁၀၀၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၂၃၀၀- ၂၄၅၀) ပိဿာထွက်ရှိပါကြောင်း၊ ဒေသပေါက်‌ဈေးမှာ (၁)ပိဿာလျှင် ကျပ် (၁၆၅၀) မှ ကျပ် (၁၈၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၂၈၄၅၀၀၀) မှ ကျပ် (၃၄၁၀၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲတီစိမ်း(၁)ဧကလျှင် ကျပ် (၂၅၀၀၀၀) မှ ကျပ် (၂၆၀၀၀၀) ကုန်ကျပြီး အထွက်နှုန်းမှာ (၄-၅) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၅၀၀၀) မှ ကျပ် (၅၇၀၀၀) ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၃၀၀၀၀) မှ ကျပ် (၂၅၀၀၀) ထိရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပဲစင်းငုံ(၁)ဧကလျှင် ကျပ် (၁၀၀၀၀၀) မှ ကျပ် (၁၂၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၅-၆) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၈၀၀၀)မှ ကျပ် (၆၁၀၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၁၉၀၀၀၀) မှ ကျပ် (၂၄၆၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကုလားပဲ(၁)ဧကလျှင် ကျပ် (၁၈၅၀၀၀) မှ ကျပ် (၂၀၀၀၀၀) ထိကုန်ကျပြီး အထွက်နှုန်းမှာ (၇-၈) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၅၈၀၀၀) မှ ကျပ် (၅၉၀၀၀) ထိရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၂၂၁၀၀၀) မှ ကျပ် (၂၇၂၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နှမ်းသီးနှံ(၁)ဧကလျှင်  ကျပ် (၂၅၀၀၀၀) မှ ကျပ် (၂၈၀၀၀၀) ကုန်ကျပြီး အထွက်နှုန်းမှာ (၄-၅) တင်းထွက်ရှိပါကြောင်း၊ ဒေသပေါက်ဈေးမှာ (၂၀)ပိဿာဝင်(၁)တင်းလျှင် ကျပ် (၇၅၀၀၀) မှ ကျပ် (၇၆၀၀၀) ရရှိ၍ အကျိုးအမြတ်အနေဖြင့် ကျပ် (၅၀၀၀၀) မှ ကျပ် (၁၀၀၀၀၀) ခန့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ကြက်သွန်နီ၊ နှမ်းနှင့် ပဲမျိုးစုံသီးနှံတို့၏ သီးနှံအထွက်နှုန်းများမှာ ယခုနှစ်တွင် ရာသီဥတုကောင်းမွန်ပါက အထွက်နှုန်းတိုး၍ အမြတ်အစွန်းများပိုမိုရရှိလာနိုင် မည်ဖြစ်ပါကြောင်း ကြက်သွန်နီ၊ နှမ်း၊ ပဲမျိုးစုံသီးနှံတို့အား စိုက်ပျိုးသည့်တောင်သူများထံမှ သိရှိရပါသည်။

DOCA(မကွေး)

                      

ဝါစိုက်တောင်သူတို့ဘဝမြင့်မားစေရေး ကွင်းဆင်းလေ့လာဆွေးနွေးပေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် (၄-၆-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ပွင့်ဖြူမြို့နယ်၊ ကျွဲထိကျေးရွာ၌ ဝါစိုက်ပျိုးလုပ်ကိုင်နေသော ဝါစိုက်တောင်သူများနှင့်တွေ့ဆုံ၍ ဝါစိုက်ပျိုးလုပ်ကိုင်နေမှုအခြေအနေများကို ကွင်းဆင်းလေ့လာဆွေးနွေးခဲ့ပါသည်။

    ပွင့်ဖြူမြို့နယ်တွင် (၂၀၂၃-၂၀၂၄)ခုနှစ်တွင် မိုးရာသီ၏ ဝါစိုက်ဧကလျာထားချက်မှာ  (၁၅၃၅) ဧကဖြစ်ပါကြောင်း၊ ကျွဲထိကျေးရွာမှ တောင်သူများသည် ဝါသီးနှံအား အဓိကထားစိုက်ပျိုးကြပါကြောင်း၊း ယခုနှစ်တွင် ဇွန်လဆန်းမှစတင်၍ စိုက်ပျိုးနေပြီဖြစ်ပါကြောင်း၊ သွင်းအားစုဖိုးအတွက် ငွေများလိုအပ်ပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေများ (သို့မဟုတ်) သွင်းအားစုများကို  သီးနှံပေါ်ပေးရလျှင် လိုချင်ပါကြောင်း၊ မိမိတို့၏ဝါဂွမ်းများအား မိမိတို့မြို့တွင် အထိုင်ဝယ်သောဝါကုန်သည်များမရှိ၍ စလင်း၊ ဆင်ဖြူကျွန်းသို့ သွားရောက်ရောင်းချရသဖြင့် ကုန်ကျစရိတ်များရှိပါကြောင်း၊ အောက်တိုဘာလရောက်သည်နှင့်တစ်ပြိုင်နက် အများစုဝါဆွတ်ကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဝါသီးနှံပေါ်ချိန်တွင် မိမိတို့ရွာသို့ ဝါကုန်သည်များ လာရောက်ဝယ်ပေးစေလိုပါကြောင်း၊ ဝါသီးနှံသည် လေလွင့်ပျက်စီးလွယ်သောသီးနှံဖြစ်သဖြင့် လေဒဏ်မိုးဒဏ်မခံနိုင်ပါကြောင်း မိမိတို့သည် တောင်သူအများစုစိုက်ပျိုးခြင်းမရှိသောဝါအား စိုက်ပျိုးနေပါသော်လည်း ဝိုင်းဝန်းထောက်ပံ့ကူညီပေးမည့်သူမရှိပါသဖြင့် စိုက်ပျိုးရာတွင် အားလျော့လာနေပါကြောင်း ဝါစိုက်တောင်သူများထံမှ သိရှိရပါသည်။

     စားသုံးသူရေးရာဦးစီးဌာန၊ ပွင့်ဖြူမြို့နယ်တာဝန်ခံသည် စိုက်ပျိုးစရိတ်ချေးငွေများ၊ သွင်းအားစုများနှင့် သီးနှံပေါ်ပေးကိစ္စအား မိမိတို့ဌာနသည် စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးသောဌာနမဟုတ် သော်လည်း မိမိတို့၏ခရိုင်ဦးစီးမှူးနှင့် တိုင်းဦးစီးမှူးများအား အဆင့်ဆင့်တင်ပြပေးသွားမည်ဖြစ်ပါကြောင်း၊ ဝါစိုက်တောင်သူများ၏ဝါသီးနှံများအား ဈေးကွက်ဈေးနှုန်းအနေအထားများ ကောင်းမွန်လာအောင်စွမ်းဆောင်ပေးနိုင်ပါကြောင်း ဝါကုန်သည်ကြီးများနှင့်လည်း ချိတ်ဆက်‌ပေးနိုင်ပါကြောင်း၊ မိမိတို့ပွင့်ဖြူမြို့တွင် အမှတ် (၄)၊ ချည်မျှင်နှင့်အထည်စက်ရုံကြီးရှိနေပါကြောင်း၊ မိမိတို့မြို့နယ်မှဝါဂွမ်းများအား အခြားမြို့သို့ သွားရောက်ရောင်းချရသည်ဆိုသည်မှာ မဖြစ်သင့်ပါကြောင်းနှင့် မိမိတို့မြို့နယ်ရှိ ဝါစိုက်တောင်သူများဘဝမြင့်မားလာစေရန် မိမိအနေဖြင့် အထက်အကြီးအကဲများအား  တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မကွေး)

                      

ချောက်မြို့ပေါ်ရှိ အလှကုန်ပစ္စည်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ (၆-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ချောက်မြို့မစျေးရှိ အလှကုန်ပစ္စည်းရောင်းချသောဆိုင်များ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်ဟု ကြေညာထားသည့်အလှကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် ဌာန၏ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချနေသော အလှကုန်ပစ္စည်းဆိုင်များတွင် ကုန်အမှတ်တံဆိပ်များ၊ အလှကုန်ပစ္စည်းများကိုတုပ၍ တရားမဝင်ဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ပြည့်စုံမှန်ကန်စွာဖော်ပြထားမှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ပါသည်။

DOCA(မကွေး)

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်

   ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲ၌ ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ၊ ဟင်္သာတခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဖွင့်အမှာစကားပြောကြးရာတွင် တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသောအဓိကအချက်ဖြစ်သည့်အပြင် ဒေသတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရားမဝင်ကုန်စည်များနှင့်ယှဉ်ပြိုင်နိုင်မှုနည်းပါးပြီး ရေရှည်ရပ်တည်ရန် ခက်ခဲစေနိုင်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တရားမဝင်ကုန်စည်များအား လက်လီ/လက်ကားအရောင်းဆိုင်၊ Shopping Mall များမှတစ်ဆင့် ဈေးကွက်အတွင်းဖြန့်ဖြူးခြင်း၊ လက်လီရောင်းချခြင်းများမပြုလုပ်စေရေး ပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများကို အချိန်ကာလတစ်ခုသတ်မှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဟောပြောအသိပညာပေးရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တရားမဝင်ကုန်စည်များရောင်းဝယ်ဖြန့်ဖြူးခြင်းကို မပြုလုပ်ဘဲ ဥပဒေကိုလိုက်နာရန်လိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

      ဆက်လက်၍ ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက တရားမဝင်ကုန်သွယ်မှု၏အဓိပ္ပါယ်၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော တရားမဝင်ကုန်သွယ်မှုများအကြောင်း၊ ပို့ကုန်/သွင်းကုန်ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောလုပ်ငန်းရှင်များကလည်း သိလိုသည်များကို မေးမြန်းခဲ့ပါသည်။

  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက နိဂုံးချုပ်စကားပြောကြားခဲ့ပြီးနောက် နံနက် (၁၁:၀၀) နာရီအချိန်တွင် ဟောပြောပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ ဟောပြောပွဲကို ဟင်္သာတခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ (၂၀) ဦးနှင့် ဟင်္သာတမြို့နယ်အတွင်းရှိ စားသောက်ကုန်နှင့် လူသုံးကုန်ဖြန့်ဖြူးရောင်းချသည့်ဆိုင်များ၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ ဓာတ်မြေဩဇာဆိုင်များမှ လုပ်ငန်းရှင် (၇၅) ဦး၊ စုစုပေါင်းဘ(၉၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်များတွင် ရောင်းချနေသောအလှကုန်ပစ္စည်းများ၌ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်၊ မြို့မဈေးအတွင်းရှိ အလှကုန်ဆိုင်(၃)ဆိုင်တွင်ရောင်းချနေသော ဘီဝင်းမျက်နှာသစ်ခရင်(မ်)ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် အလှကုန်ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့်ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်ဖြစ်ကြောင်းနှင့် ဈေးကွက်အတွင်းရောင်းချနေသောကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပြည့်စုံမှုရှိ/မရှိအား ဌာနက ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးကော်မတီအဖွဲ့ဝင်များဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်း၍ (၂၄-၅-၂၀၂၃) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော သက်တမ်းလွန်သောက်ရေသန့်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော သက်တမ်းလွန်သောက်ရေသန့်လုပ်ငန်းရှင်များ၏ စက်ရုံများသို့သွား‌ရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအခြေအနေ၊ ထုတ်လုပ်မှုဖြစ်စဉ်များ၊ သက်တမ်းတိုးရန်အတွက် လိုအပ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိ/မရှိကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

မကွေးမြို့၊ မင်္ဂလာစျေး၌ စျေးကွက်စောင့်ကြည့်စစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများလုံခြုံစိတ်ချမှုရှိစေရန် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။

     (၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် မကွေးမြို့၊ သိင်္ဂါရပ်ကွက်ရှိ မင်္ဂလာစျေး၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)နှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့(စျေးတာဝန်ခံ)တို့နှင့်ပူးပေါင်းပြီး စျေးကွက်အတွင်းရှိ ကုန်စည်များအား စားသုံးရန်သင့်/မသင့်တို့ကို ဓာတ်ခွဲစမ်းသပ်ရန် ကုန်စည် နမူနာဝယ်၍ Mobile Lap ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်းနှင့် စျေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိတို့ကို စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁-၆-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီစိုက်စရိတ်ချေးငွေလာရောက်ထုတ်ယူသော မြင်းစိုင်းရွာ၊ ကိုးပင်ရွာနှင့် ထန်းပင်စမ်းကျေးရွာများမှ တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးမျိုးဝင်း(မကွေးမြို့နယ်တာဝန်ခံ)က စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများရရှိနိုင်မည့်အခွင့်အရေး (၈) ချက်၊ လိုက်နာရမည့်တာဝန် (၄) ချက်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပြည့်စုံစွာပါဝင်ရမည့်အချက်များ၊ ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သူများ၊ တိုင်ကြားနိုင်သည့်နေရာများ၊ တိုင်ကြားပုံနည်းလမ်းနှင့် အလွယ်တကူခေါ်ဆိုတိုင်ကြားသော Consumer Call Center No. (1535) တို့အား ကျေးလက်ဒေသနေတောင်သူများသိရှိနိုင်စေရန် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

      စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲတွင် မကွေးမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဝန်ထမ်း (၁၀) ဦး၊ မြင်းစိုင်းရွာ၊ ကိုးပင်ရွာနှင့် ထန်းပင်စမ်းရွာတို့မှ တောင်သူ (၂၀၀) ဦးတို့တက်ရောက်ခဲ့ပြီး ဌာနမှထုတ်ဝေသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ  စစ်ဆေးရေးမှူး    ဦးကျော်မိုးလွင်သည် (၅-၆-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မိုးညှင်းမြို၊ အုတ်ကျင်းရပ်ကွက်အတွင်းရှိ ပြည့်ဆန္ဒ(ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ PREMIER (ကော်ဖီ) အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီတွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ပါဝင်ရမည်ဖြစ်ပြီး ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများသည် ကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရန်တို့အတွက် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ပြည့်စုံမှုရှိကြောင်းစစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်ကို ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုမရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

IQ သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေး

     ၂၀၂၃ခုနှစ်၊ ဇွန်လ (၂) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ရပ်ကွက် (၄)၊ အုပ်ချုပ်ရေးမှူးရုံးရှိ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ အမှတ် (၄) ရပ်ကွက်အတွင်းရှိ “IQ” အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးစက်ရုံအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိရေးတို့နှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး သောက်ရေသန့်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင်နှင့်လည်း တွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် “IQ”  အမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းအနေဖြင့် သက်ဆိုင်ရာဌာန၏ထောက်ခံချက်များပါရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

      ဆက်လက်၍ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို သိရှိလိုက်နာဆောင်ရွက်စေရန် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။ 

DOCA(ရှမ်း)

Pages

Subscribe to RSS - HighLight News