HighLight News

Powered by Drupal

စားသုံးသူအခွင့်အရေးသိရှိရယူနိုင်ရေး ကျေးရွာများသို့သွားရောက်အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၂-၅-၂၀၂၃)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်းတွင်  မိဘပြည်သူ (၄၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

      ဒု-ခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦးက ဆွေးနွေးရာ ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ အကြောင်းအရာများ၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီးနောက် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအားဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ်တတ်ခြင်းဖြင့် လုံခြုံစိတ်ချရမှုရှိပြီး ဘေးအန္တရာယ်ကင်းရှင်းမည်ဖြစ်ကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသောကုန်စည်များအား အသိတရားနှင့် သတိထား၍ ဝယ်ယူသုံးစွဲစေလိုကြောင်း၊ တချို့ကုန်စည်များတွင် ထုပ်ပိုးမှုသာလှပပြီး စားသုံးရန်မသင့်သောအစားအစာများကို သတိလက်လွတ်ဝယ်ယူသုံးစွဲမှုမပြုစေရန်ဖြစ်ကြောင်းနှင့် သေချာစွာစိစစ်ရွေးချယ်ပြီးမှသာ သုံးစွဲစေလိုကြောင်း၊ စားသုံးသူပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ဖွင့်လှစ်ထားရှိပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။     

   စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာ ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော စားသုံးသူအခွင့်အရေးဦးစားပေးရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုကဲ့သို့ လာရောက်အသိပညာပေးရခြင်းဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ရယူသုံးစွဲရာတွင် စိတ်ကျေနပ်မှုရရှိရန်လိုအပ်ကြောင်း၊ အသုံးပြုရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ(၈)ချက်အား သတိပြုဝယ်ယူစေလိုကြောင်း၊ ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းမွန်သောကြောင့် ဌာနမှဝန်ထမ်းများကလည်း လုပ်ငန်းရှင်များဆီသို့ သွားရောက်အသိပညာပေးလျက်ရှိကြောင်းနှင့် စစ်ဆေးရေးအရာရှိများကလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးပေးလျက်ရှိကြောင်း၊ သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားများလည်း ရယူထားစေလိုကြောင်း၊ စိတ်ကြိုက်ရွေးချယ်ခွင့်နှင့် နစ်နာမှုများရှိပါက မှန်ကန်သောအထောက်အထားများနှင့်အတူ ဌာနသို့ လာရောက်တိုင်ကြားခွင့်ရှိပြီး ကုစားခွင့်ရရှိစေလိုကြောင်း၊ "အသိတစ်လုံး အမြတ်ဆုံး" ဖြစ်၍ ယခုသိရှိ ပြီးသောအကြောင်းအရာများအား လိုက်နာစေလိုကြောင်း၊ သို့မှသာ အနာဂတ်တွင် ကောင်းမွန်သာယာသောဘဝဖြင့် နေထိုင်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ တိကျစွာလိုက်နာရန်လိုအပ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပါသည်။

      သတင်းအချက်အလက်/နည်းပညာဌာနခွဲတာဝန်ခံ ဒေါ်မြင့်မြင့်သန်းက ဆွေးနွေးရာတွင် စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားမှုနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စရပ်များကို စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center (၁၅၃၅) အား ဖွင့်လှစ်ထားရှိမှုအကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းကိုလည်း အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(မကွေး)

ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်ထွန်းဦး၊ ပခုက္ကူမြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးနှင့် ဝန်ထမ်းများအဖွဲ့တို့သည် (၁၃-၅-၂၀၂၃) ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့ပေါ်ရှိ စက်သုံးဆီရောင်းချနေသောဆီဆိုင် (၃)ဆိုင်ကို သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် အမှန်တကယ်ရောင်းချမှုရှိ/မရှိနှင့် အချင်အတွယ်မှန်ကန်မှုရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ဒုတိယခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့ပေါ်၌ စက်သုံးဆီရောင်းချလျက်ရှိသော တောင်ဇလပ်၊ ရွှေဗျိုင်းဖြူ၊ Petro Top ဆီဆိုင်များသို့ သတ်မှတ်ထားသောအခြေခံရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ဈေးနှုန်းများကိုလည်း အများပြည်သူသိရှိအောင် LED Board များတွင်ဖော်ပြပေးရန်၊ နေ့စဉ်ရောင်းချနေသောဈေးနှုန်းများကိုလည်းဖော်ပြပေးရန်၊ အချင်အတွယ်မှန်ကန်မှုရှိစေရန်၊ စက်သုံးဆီများကို ပုံးများ၊ ပီပါအလိုက် ရောင်းချမည့်သူများကိုလည်း ရောင်းချခြင်းမပြုရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် စက်ဆီ၊ ချောဆီများတင်သွင်းရောင်းချခြင်းမပြုစေရေး ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် စက်သုံးဆီပြတ်လတ်မှုမရှိစေရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မကွေး)

မြို့သစ်မြို့၊ စည်ပင်သာယာဈေး၌ ကုန်အညွှန်းအမှတ်အသားများအကြောင်း အသိပညာပေးဆွေးနွေး

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စားသောက်ကုန်ပစ္စည်းများကိုဝယ်ယူစားသုံးရာတွင် ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် အန္တရာယ်ကင်းသည့်စားသောက်ကုန်များအား ရွေးချယ်ဝယ်ယူစားသုံးနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ  ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအား ဒေသခံပြည်သူများသိရှိနားလည်သဘောပေါက်စေရန်အတွက် မြို့သစ်မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က စည်ပင်သာယာစျေး၌ (၁၁-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်သွားရောက်၍ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်း၍ အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူး ဦးဆယ်မောင်က ရောင်းချနေသောဈေးသည်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ ၎င်းညွှန်ကြားချက်ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြထားသောကုန်စည်များကိုသာ ဆိုင်တင်ရောင်းချကြရန်ဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုသိရှိလိုက်နာကြရန်ဖြစ်ကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စားသုံးရန်မသင့်သည့် တားမြစ်ထားသောစားသောက်ကုန်များအကြောင်း၊ တားမြစ်ထားသောစားသောက်ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချမှုအား စစ်ဆေးတွေ့ရှိရပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)

မော်လမြိုင်မြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ဈေးကော်မတီတို့နှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ အမှတ် (၁) ဈေးရှိ ဆေးဆိုင် (၁၄) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆေးဆိုင် (၁၄) ဆိုင်တွင် တရားမဝင် ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ၊ စပ်ဆေးများရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာရောင်းချခြင်းမရှိကြောင်း တွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ‌ ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများအား ရောင်းချခြင်းမပြုရန် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

သထုံမြို့နယ်ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စစ်ဆေးရေးအရာရှိဦးဆောင်၍ (၅-၅-၂၀၂၃) ရက်နေ့တွင် သထုံမြို့ပေါ်ရှိ ဆေးဆိုင်(၆) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ Online ပေါ်တွင် တရားမဝင်ရောင်းချနေသောဆေးဝါးများအား ဆေးဆိုင်များတွင် ရောင်းချနေခြင်းရှိ/မရှိနှင့် သက်တမ်းလွန်သောဆေးဝါးများရောင်းချနေခြင်းရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ အဆိုပါ ဆေးဆိုင်(၆)ဆိုင်၌ တရားမဝင်ဆေးဝါးများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများခွင့်ပြုချက်မရှိသောဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုလုပ်ရန် ဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)

 

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ Thursday Talk ကျင်းပပြုလုပ်

    (၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံးနှင့် မော်လမြိုင်ခရိုင်ရုံးမှ အရာထမ်း၊ အမှုထမ်း (၃၀) ဦးတက်ရောက်ခဲ့ပါသည်။

      ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါမြိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများခေါင်းစဉ်ဖြင့်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးက သတင်းရေးသားနည်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲမှ ဒု-ဦးစီးမှူး ဦးအောင်မြင့်မြတ်က ပြည်တွင်းကုန်သွယ်မှုနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(မွန်)

မုဒုံမြို့နယ်၌ ဆေးဆိုင်များနှင့် အလှကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     (၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာရှိ ဆေးဆိုင်နှင့်အလှကုန်ဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် အလှကုန်များရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆေးဝါးနှင့်အလှကုန်ပစ္စည်းများမှ သံသယဖြစ်ဖွယ်ရှိသောကုန်ပစ္စည်းများကို စစ်ဆေးရန်အတွက် နမူနာဝယ်ယူခဲ့ကာ ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်မပါရှိသော  ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။

DOCA(မွန်)

 

 

ကျိုက်ထိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာစားသုံးသူ အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး (၁၂-၅-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ အွန်လိုင်းရောင်းဝယ်မှုဆိုင်ရာ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အွန်လိုင်းရောင်းဝယ်မှုများနှင့်ပက်သက်၍ ပြည်သူများသတိပြုရမည့်အချက်များကို သိရှိစေနိုင်ရန်ရည်ရွယ်၍  Talk Show အစီအစဉ်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်းက ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ်အသုံးများလာသော အွန်လိုင်းရောင်းဝယ်မှုအခြေအနေ၊ Online Shopping နှင့်ပက်သက်ပြီး စားသုံးသူပြည်သူများဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

 

ငါးဘတ်အိုင်ကျေးရွာရှိ အောင်ချမ်းသာဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးသည် (၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့၊ ငါးဘတ်အိုင်ကျေးရွာသို့သွားရောက်၍ အောင်ချမ်းသာဆန်စက်ကြိတ်ခွဲလည်ပတ်မှုနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် SME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်ချမ်းသာဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ စပါး/ဆန်ရောင်းဝယ်မှုအခြေအနေများ၊ စပါး/ဆန်လက်ကျန်နှင့် ဆန်တင်ပို့မှုစီးဝင်/စီးထွက်မှုအခြေအနေများကိုမေးမြန်းပြီးနောက် လက်ရှိဆန်ဈေးနှုန်းရောင်းဝယ်ဖြစ်ထွန်းမှု၊ မိမိဆန်စက်မှထုတ်လုပ်သော ကုန်စည်များစနစ်တကျထုတ်ပိုးမှုစနစ်နှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ထားရှိမှု Gasifier သုံးစနစ်၊ စပါးခွံလောင်စာသုံးစနစ်၊ စပါးအခြောက်ခံစက်သုံးစွဲမှု အခြေအနေများကို လုပ်ငန်းခွင့်အတွင်း လေ့လာကြည့်ရှုစစ်ဆေးခဲ့ကာ ကန်(၃)ကန်စနစ်ဖြင့် ဆန်စက်ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ ပြဋ္ဌာန်းချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီကို ဈေးကားဖြင့်ရောင်းချနေမှုအား စိစစ်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးသည် (၈-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခမ်းရပ်ကွက်နှင့် လယ်တော်ရပ်ကွက်၌ စားသုံးဆီများကို  ဈေးကားဖြင့် ရည်ညွှန်းဈေးနှုန်းအတိုင်းရောင်းချခြင်းအား စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် ဟင်္သာတခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများက လက်ကားကုန်သည်များထံသို့ ဖြန့်ဖြူးပေးသည့်စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ရာနှုန်းထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များသို့ ဈေးကားဖြင့်လှည့်လည်၍ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောပြည်သူများအား အဆင်ပြေချောမွေ့စွာဝယ်ယူရရှိနိုင်နိုင်ရန်လည်းကောင်း၊ အလေးချိန်မှန်ကန်မှုရှိစေရန်လည်းကောင်း၊ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန်အတွက် စနစ်တကျတန်းစီစေခြင်းဖြင့်လည်းကောင်း လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ တန်းတူညီမျှရောင်းချစေရန် စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News