၂၀၂၄ခုနှစ်၊ မေလ (၉) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်မှ စစ်ဆေးရေးမှူးများနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ပေါ်ရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
စစ်ဆေးရေးမှူးများနှင့်တာဝန်ရှိသူများသည် စတိုးဆိုင်၊ ကုန်စုံဆိုင်ပိုင်ရှင်များအား ဈေးကွက်အတွင်း ကုန်စည်များရောင်းချခြင်းနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာရန် လိုအပ်သော စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များဖြစ်သည့် အခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” နှင့် အခန်း(၁၈)၊ ပုဒ်မ၄၁အရ မြန်မာသာဘာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် စီးပွားရေးလုပ်ရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ်ဖော်ပြရမည့်အချက်အလက်များအကြောင်း၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များပါသော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)