HighLight News

Powered by Drupal

ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကမ်းနားလမ်း Regency စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ပုသိမ်မြို့နယ်တာဝန်ခံသည် (၁၃.၁၀.၂၅) ရက်နေ့တွင် ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ Regency စက်သုံးဆီ အရောင်းဆိုင်သို့ စက်သုံးဆီများ အချိန်အတွယ် ပြည့်ဝမှန်ကန်စွာရောင်းချမှုရှိ/ မရှိ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးသတ်ဆေးဗူးများထားရှိခြင်းရှိ/ မရှိ၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိမှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ မုန့်ဟင်းခါးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၁၄.၁၀.၂၅) ရက်နေ့တွင် သီရိရွှေသာဈေးရှိ ဒေါ်ဇင်အောင်၊ ဒေါ်သူဇာ မုန့်ဟင်းခါးဆိုင်များ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍  ခေါက်ဆွဲများသန့်ရှင်းသပ်ရပ်စွာ ရောင်းချရေး၊ ယင်မနားစေရေးနှင့် မုန့်ဟင်းခါးဖက်များတွင်တာရှည်ခံဆေးဝါး ဖော်မလင်မသုံးဆွဲစေရေး၊ မုန့်ဖတ်များ လတ်ဆက်မှုမရှိပါက မရောင်းချရန်၊ မုန့်များထုတ်လုပ်သည့်နေရာတွင် စနစ်တကျထုတ်ုလပ်ရန်၊ အနံအသက်များ ကောင်းမွန်စေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းစေရေး၊ သုံးရေများသန့်ရှင်းစေရေးနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၁၀.၁၀.၂၅) ရက်နေ့တွင် လှေကြီးတပ်ကျေးရွာအုပ်စု၊ လှေကြီးတက်ကျေးရွာရှိ မိဘမေတ္တာ စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း၍ ရေကျနောက်စိုက်စပါးများ စတင်စိုက်ပျိုးလာသဖြင့် တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆိအမျိုးအစားအလိုက် ကြိုတင်ဝယ်ယူ စုဆောင်းထားရှိရေးနှင့်  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချရန် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဆီစာအုပ်ဖြင့် ရောင်းချနိုင်ရေး လက်လီအရောင်းဆိုင်များအား အသိပညာပေး

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူးဦးထွန်းမင်းလတ်သည် (၉.၁၀.၂၅) ရက်နေ့တွင် အောင်တပ်ကျေးရွာအုပ်စု၊ လူထုခန်းမဆောင်၌ ဆီကိုယ်စားလှယ် (၁) ဦး၊  ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ အောင်တပ်၊ ဖဲကုန်း၊ ဒိုးငူ၊ အစိုကြီး၊ မြကျွန်းသာ၊ အေးချမ်းသာ၊ လက်ခုပ်၊ ရွာခွဲ(၇) ရွာမှ စားအုန်းဆီ လက်လီအရောင်းဆိုင် (၈) ဦးတို့နှင့် တွေ့ဆုံ၍ ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုပေါင်း (၄၈၀) စု အတွက် ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချပေးရန်နှင့် ဆီရောင်းချရာတွင် စားသုံးသူများ နစ်နာမှုမရှိစေရန် သတ်မှတ်ရည်ညွှန်းဈေး၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချရန် တွေ့ဆုံအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ အ.မ.က ဖဲကုန်းကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်တင်တင်နိုင်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အ.မ.က ဖဲကုန်းကျောင်း၌ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ (၄၀) ဦးအား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပာယ်နှင့် စားသုံးသူများပစ္စည်းဝယ်ယူသုံးဆွဲရာတွင် မည်သည်တို့ကို ကြည့်၍ ဝယ်ယူရမည်ကို ကလေးများ နည်းလည်သဘောပေါက်လွယ်အောင် ရှင်းလင်းပြောကြား၍ လက်ကမ်းစာစောင်များဝေငှခြင်းနှင့်  စားသုံးသူအသိပညာပေးဟောပြောပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားအုန်းဆီ စာအုပ်ဖြန့်ဝေခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၇.၁၀.၂၅) ရက်နေ့တွင် မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ်သည် ဆီကိုယ်စားလှယ် (၄) ဦး၊ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးတို့နှင့် တွေ့ဆုံ၍ ရွှေသောင်ယံမြို့နယ်ခွဲရှိ ဘောမိကျေးရွာအုပ်စု၊ မကျီးဇင်ကျေးရွာအုပ်စု၊ သာပေါင်းမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကျေးရွာအုပ်စုနှင့် သစ်ဖြူကျေးရွာအုပ်စုများမှ တိုက််ပွဲရှောင်များ သာပေါင်းမြို့ရပ်ကွက် (၁)၊ (၂)၊ (၃) တွင် လာရောက်နေထိုင်ပြီး စားအုန်းဆီဝယ်ယူသုံးစွဲရာတွင် အခက်အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းဈေးဖြင့် သုံးစွဲနိုင်ရေးအတွက် ဆီကိုယ်စားလှယ် (၄) ဦးနှင့် အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ မြို့ပေါ် လက်လီအရောင်းဆိုင်များမှ ဆီစာအုပ်များ ပြုလုပ်ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သာပေါင်းမြို့နယ်တွင် ဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများရောင်းချပေးခြင်း

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မြို့နယ်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သီဟိုဠ်အသင်း၊ ပြည်သူ့တပ်ဖွဲ့များသို့ တစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် လစဉ်ပုံမှန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်  ရောင်းချပေးလျက်ရှိပြီး နယ်ဝန်ထမ်းများအား (၁၅.၁၀.၂၅) ရက်နေ့ တွင် ပထမအသုတ်၊ (၂၃.၁၀.၂၅) ရက်နေ့တွင် ပင်စင်စားအငြိမ်းစားဝန်ထမ်းများအား မွေးကုဦးစီးဌာနနှင့် ပူးပေါင်း၍ စားအုန်းဆီနှင့် ကြက်ဥများကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

သီတင်းကျွတ်ဈေးရောင်းပွဲတော် MSMEs လုပ်ငန်းများပြသ

          ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၄.၁၀.၂၀၂၅) ရက်နေ့တွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်မည့် MSMEs လုပ်ငန်းပြပွဲ၊ ပြိုင်ပွဲ၊ ထုတ်ကုန်လုပ်ငန်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်အား ဖွင့်ပွဲပြုလုပ်ပြီး (၅.၁၀.၂၅)  ရက်နေ့ နေ့လယ် (၁၅း၀၀) နာရီအချိန်တွင် ဆုပေးပွဲများ ကျင်းပပြုလုပ်၍ ဧရာဝတီတိုင်းဒေသကြီး (၂၆) မြို့နယ်မှ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ ဌာနဆိုင်ရာပြခန်း (၁၀) ခန်းဖြင့်လည်းကောင်း၊ လယ်ယာထွက်ကုန်အရောင်းပြခန်းများ၊ စက်ပစ္စည်းအရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၅)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ဇလွန်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်ကြီးများအား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းအပေါ်မြှင့်တင်ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှလအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများအလိုက် ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေရေး၊ ဈေးကွက်အတွင်း ကုန်စည်များ ပြတ်လပ်မှုမရှိစေရေးတို့ကိုစစ်ဆေးခဲ့ပြီး၊ ဒေသထွက်စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေးနိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်း ရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ် လမ်းမတော်(တ)ရပ်ကွက်ရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် ဇလွန်မြို့ လမ်းမတော်(တ)ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူးရောင်းချနေမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှတစ်ဆင့် ခွဲတမ်းရရှိသောဆီများအား လမ်းမတော်(တ)ရပ်ကွက်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News